Monday, February 8, 2010

“အထီးကျန် ဟီးရိုး”


လွမ်းမိပါသည် ... တရံတခါဆီက
အဖန်တရာမက အိပ်မက်တွေ
ကြံရာမရခဲ့မှုတွေ အတွက်
စတေးလိုက်ရတဲ့ နှလုံးသားက
အထင်ကရ မရှိတဲ့ တိမ်တွေလို
မျောချင်ရာမျော လွင့်ချင်ရာလွင့်ပေါ့ ...။

မွန်းကျပ်မိပါသည် ... ရင်တွင်းတနေရာဆီက
မဖြေရှင်းကာ ရှောင်နေရတဲ့
ဝေဒနာ အပူဒဏ်ရာတွေ
နေလောင်မှာ ကြောက်ကြောက်လာတော့လည်း
တခါတခါ ရေလောင်း
အမာရွတ်ဟောင်းတွေမှာ အနာဖက် အသစ်လောင်းလို့ပေါ့ ...။

အထီးကျန်မိပါသည် ... နေရာတကာတွေမှာ
ပျော်စရာ အမြင်တွေကြောင့်
လိုချင်ကာ တောင့်တမိတယ်
ကြင်ဖော်တောင် ပစ်သွားတဲ့ ဘ၀မို့လည်း
မလှမပနေ့ရက်တွေကတော့
မရှုမလှ ကျဆုံးရပေါ့ ...။

တကယ်ဆို
အညတရ နှလုံးသားကမှ
ဘာမှ မရခဲ့တာလေ ...။
အထီးကျန်ခြင်းမှာတောင်
ကျွန်တော်ဟာ ဟီးရိုးအဖြစ်နဲ့
ရင်နှစ်မွှာ အခါခါကွဲလို့
လက်မထောင်နေရတော့မှာလား ...။

ပြန်မလာနိုင်မှန်းသိပေမယ့်
ဒဏ်ရာရ နှလုံးသားကမှ
အပြီးအပိုင် အစားမထိုးနိုင်တော့
အထီးကျန်ဟီးရိုးဆိုလည်း
ကိုယ့်နန်းကိုယ့်မြို့  ရိုးမှာ
အလွမ်းစည်းရိုးတွေ ကာရံ
အနု အလှ အကြမ်း အရမ်း တွေနဲ့ပေါ့ ...။
   ~~~ @@@ ~~~
(ခုရက်ပိုင်း စက်သုံးလို့မရပါသဖြင့် မည်သူ့ဆီမှ မရောက်နိုင်တာ ခွင့်လွှတ်ကြပါခင်ဗျာ ...)
ပုံလေးကို ဒီကနေ ယူပါသည်။

14 comment[s]:

မောင်သီဟ said...

ဦးဦးဖျားဖျား စားသုံးသွားတယ်ဗျာ အထီးကျန်ခြင်းကနေ
အမြန်ဆုံးလွှတ်မြောက်နိုင်ပါစေနော့
ကိုယ်တိုင်လဲကြိုးစားရမယ်လေ မိန်းမယူတော့း)း)

ဒဏ္ဍာရီ said...

ရင်နဲ့ခံစားပြီး ရေးထားတယ်ဆိုတာ သိရလို့ ကဗျာလေးကို အရမ်းကောင်းတယ်လို့ မပြောတော့ပါဘူ။ ကဗျာလေးကို ဖတ်ရင်း အထီးကျန်တဲ့ နှလုံးသားကို မြင်ယောင်မိပါတယ် မောင်လေးရေ...။ အလွမ်းတွေထဲက အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ..။

ခင်မင်လေးစားလျှက်

အဖြူရောင်နတ်သမီး said...

ကဗျာလေးအရမ်းကောင်းတယ် မောင်လေးရေ...
ခွဲခွာခြင်း...
ကွဲကွာခြင်း...
တို့ရဲ့ဒုက္ခမှ အမြန်ဆုံး လွတ်မြောက်ပါစေကွယ်...

~ဏီလင်းညို~ said...

ကိုတူးရေ...
မောင်ဘကြိုင်ပြောသွားတာကြားတယ်မှတ်လား...?
“ကိုယ့်နန်းကိုယ့်မြို့ ရိုးမှာ
အလွမ်းစည်းရိုးတွေ ကာရံ
အနု အလှ အကြမ်း အရမ်း တွေနဲ့ပေါ့ ”...လို့ဆိုရင် နတ်သာမီးဆီသွားးးးး
သူ့ဆီမှာဓားတစ်ချောင်းရှိတယ်လေ....း))
သူငှားလိမ့်မယ်.....း))
ပြီးတော့ ကဗျာလေးကိုဖတ်ရင်းတွေးမိတယ်...။
အထီးကျန် ဟီးရိုးက ဇီးရိုးထက်တော့ သာသေးတယ်လေကွာ....။
ခင်မင်တဲ့
ဏီလင်းညို

လင်းကြယ်ဖြူ said...

အလွမ်းစည်းရိုးတွေ ကာရံထားတဲ့
ကိုယ့်နန်း ကိုယ့်မြို့ရိုးဆိုတာကို
ကျော်ခွပြီး...
အရောက်လာရင်း ကဗျာ တွေဖတ်သွားပါတယ်ခင်ဗျာ..
ပျော်ပါစေ
*.*.*

စံလင်းထွန်း said...

လွမ်းမိပါသည် ... တရံတခါဆီက
အဖန်တရာမက အိပ်မက်တွေ
ကြံရာမရခဲ့မှုတွေ အတွက်
စတေးလိုက်ရတဲ့ နှလုံးသားက
အထင်ကရ မရှိတဲ့ တိမ်တွေလို
မျောချင်ရာမျော လွင့်ချင်ရာလွင့်ပေါ့ ...


ကျွန်တော့်ခံစားချက်တွေနဲ့ တိုက်ဆိုင်ရုံတင်မကဘူး။

ကဗျာရေးတာချင်းပါ တူနေတယ်။

(တချို့စာသားလေးတွေကိုပြောတာပါ)

ချစ်သူများနေ့အတွက် ကြိုရေးထားတဲ့ ပိုစ့်ထဲက ခံစားချက်တချို့နဲ့လည်း ဆင်နေပြန်ပါတယ်။ (၁၄)ရက်နေ့မှာ လာဖတ်ကြည့်ပါ။

ဇော် said...

ကျနော်ဖတ်ခဲ့ဖူးသမျှ ကိုညရဲ့ ကဗျာတွေထဲမှာ မှတ်မှတ်ရရ ဒီကဗျာကိုတော့ ကျနော်တကယ်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ ၂ခါ ပြန်ဖတ်မိတယ်။
ဒီတစ်ခါရေးတဲ့ကဗျာလေးက သိပ်လှလွန်းတယ်ဗျာ။ တစ်ပုဒ်ထက် တစ်ပုဒ် အစွမ်းထက်တယ်နော်။ =)

Anonymous said...

ပြန်မလာနိုင်မှန်းသိပေမယ့်
ဒဏ်ရာရ နှလုံးသားကမှ
အပြီးအပိုင် အစားမထိုးနိုင်တော့
အထီးကျန်ဟီးရိုးဆိုလည်း
ကိုယ့်နန်းကိုယ့်မြို့ ရိုးမှာ
အလွမ်းစည်းရိုးတွေ ကာရံ
အနု အလှ အကြမ်း အရမ်း တွေနဲ့ပေါ့ ...။

စလာပီ စလာပီ နည်းနည်းလေး မအားနဲ့ ရင်တွင်း ခံစားချက်က စလာပီး . . . ဒီလူကြီး ရေးလိုက်ရင် လိုက်မမှီအောင်ပဲ . . . . . ဆက်လုပ် ဆက်လုပ် နောက်ကနေ တာဘိုင်နဲ့လိုက်ပီ အားပေးနေမှာ ဆက်လုပ် ကို့လူကြီး

Welcome said...

ကဗျာလေး ခံစားသွားတယ် ..

Cameron said...

“အဖန်တရာမက အိပ်မက်တွေ
ကြံရာမရခဲ့မှုတွေ အတွက်”

အဟီး...အဲဒါလေးက hip hop သီချင်းတစ်ပုဒ်နဲ့ တူဒယ် တိလား...။

အို...ချစ်သူများနေ့ဖြင့်မရောက်သေးဘဲနဲ့များ
ကိုတူးတို့က ကျန်ဖန်ပြီးတော့ အထီးကျန်ဟီးရိုးလုပ်ရတယ်လို့...ဟွန်းးးး

ခင်မင်စွာဖြင့်
မိုးငွေ့

flowerpoem said...

အထီးကျန်တဲ့အချိန်တွေကို. . . အချိန်ဆိုတဲ့ သမားတော်ရယ် အလုပ်ဆိုတဲ့ အဖော်တွေနဲ့ အမြန်ဆုံး ဖြေဖျောက်နိုင်ပါစေရှင်..

မိုးစက်အိမ် said...

ပန်မလာနိုင်မှန်းသိပေမယ့်
ဒဏ်ရာရ နှလုံးသားကမှ
အပြီးအပိုင် အစားမထိုးနိုင်တော့
အထီးကျန်ဟီးရိုးဆိုလည်း
ကိုယ့်နန်းကိုယ့်မြို့ ရိုးမှာ
အလွမ်းစည်းရိုးတွေ ကာရံ
အနု အလှ အကြမ်း အရမ်း တွေနဲ့ပေါ့ ..

ဒီစာသားနက်ရှိုင်းမှုကို ကောင်မလေးတစ်ယောက်နားလည်
နိုင်မယ်ဆိုရင်တော့ ကောင်းတာပေါ့အစ်ကိုရာ ဒါပေမဲ့ 
အစ်ကိုဒီနှလုံးသားနဲ့ ထိုက်တန်တဲ့ ပန်းဟာတစ်ပွင့်တည်း
တော့မကပါဘူးလို့ ဆိုချင်မိပါတယ် . . .

အင်ကြင်းသန့် said...

ကိုတူး...

ဟိုးအရင်က ဒဏ်ရာအဟောင်းတွေကို တူးဆွရင်းနဲ့ပဲ အချိန်ကို အဆုံးရှုံးမခံပါနဲ့ (ပြောမယ့်သာ ပြောရတာ အားတော့မရှိပါဘူး...) လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်ပဲကြိုးစားပေါ့ဆိုတဲ့ စကားကိုပဲထပ်ပြောချင်ပါတယ် (တခြားဘယ်လိုပြောပေးရမှန်းလဲမသိလို့...)

မြန်မြန်အဆင်ပြေပါစေ
အင်ကြင်း

Minn said...

I like this poem....
I am scared to be lonely.....
Don't want to get hurt....
Don't want to see the couple of broken....
Wishes all be happy....