Saturday, April 27, 2013

"သူ မသိအောင်ရေးတဲ့ ရည်းစားစာ"


ရှင်းသန့်နေတဲ့ လမင်းကြီးထဲက
သန္တာကျောက်တန်းလေးမှာ
ရီ(ရယ်)သံလေးတွေ စွတ်လို့ ...
ရွှန်းလဲ့နေတဲ့ ကြယ်လေး နှစ်လုံးမှာ
ကြည်နူးရိပ်တွေ ရှိနေတယ် ...။

ဘယ်လိုပဲ အဓိပ္ပါယ်ဖွင့်ဖွင့်ပေါ့
အိပ်မက်တွေက လှပါတယ် ...။
(သူကလည်း လှတယ်)

ဆံနွယ်စတွေ
လေယူရာ သိမ်းတာလည်း မြင်ဖူးပါရဲ့
ကလစ်လေးနဲ့ အထိန်းမှာတော့
ရင်မှာ ခပ်ရှိန်းရှိန်းဖြစ်တယ် ...။

တဖက်သက်ပဲ စိမ်းလန်းနေဆဲပါ
ဘယ်နေ့ (သူ) ရောက်လာမလဲပေါ့ ...။

ရိုးသားခြင်းကိုတောင် အုတ်မြစ်ချခဲ့ပြီပဲ
တစ်နေ့မှာတော့ ...
မေတ္တာတရားကို သူ့ရှေ့မှာ
မျက်ဝါးထင်အောင် ချပြမယ် ...။

ညလင်းအိမ်

2 comment[s]:

Anonymous said...

(Y)

ကြည်ဖြူခင်ခင် said...

ကဗျာတစ်ပိုဒ်ဆီတိုင်းက သေသပ်လှပတယ်..
ရင်ထဲတောင် ကြည်ကြည်နူးနူးလေး ရောက်ရှိတယ်..