Saturday, March 17, 2012

"မိုးငွေ့ ... သို့ ... "


မိုးငွေ့တစ်စက်ရဲ့ ရာဇ၀င်တဲ့
ကောင်းကင်ကြီးက ဖွဲ့သီတယ်
သူ့ အကြောင်းက လှလို့
ငှက်ကလေးတွေတောင် တေးဆိုကြတယ် ...။

အဲ့ဒီနေ့ ...
မိန်ရာသီစက်ဝန်း အစွန်းမှာ
တောင်တန်းပြာက တရစ်
မိုးပြာထစ်ထစ်တွေ
ဆောင်အကုန်နွေအကူး
အလှစုံ အထူးတွေနှင့်
နှစ်သစ်ကို သယ်ယူလာကြတယ် ...။

အဲ့ဒီ အချိန် ...
အိမ်ဂျယ်လိုပါပဲ
တိမ်တွေထဲ ၀ဲ
နွေဦးကျဲကျဲမှာ
မိုးငွေ့ တစ်စက်က
အနာဂတ်ကို ဖွင့်လှစ်လိုက်တယ် ...။

အဲ့ဒီလိုနဲ့ ...
ဟိုး ... အရှေ့မှာ လေပြင်းတွေ
ပင်လယ်နဲ့ တောင်တန်းများ သက်သေတည်လို့
မိုးငွေ့ စီးဆင်းရာ လမ်းကြောင်း
ဖြောင့်ဖြူးခြင်း များစွာဖြင့်သာ ...။

ညလင်းအိမ်

ယနေ့၌ ကျရောက်သော မမီး မွေးနေ့သို့ ...    *.★*HaPpY BiRthDaY ANgEL*★ 。*

4 comment[s]:

Cameron said...

အလှဆုံးကဗျာလေးကို ထပ်လာဖတ်သွားတယ် ...။
ကျေးဇူးနော် ည...ပြန်လာရင် ထမင်းကျွေးမယ်...။

လွင်ပြင်လှိုင်းငယ် said...

မွေးနေ့ကဗျာလေးလှလိုက်တာ

သဒ္ဓါလှိုင်း said...

မွေးနေ့ရှင်မမိုး ပျော်ရွှင်ချမ်းမြေ့ပါစေ။ မွေးနေ့ကဗျာလေး ဖန်တီးရေးဖွဲ့ပေးတဲ့ မောင်လေး ကိုတူးလည်း ပျော်ရွှင်ချမ်းမြေ့ပါစေ။
ခင်မင်လျက်
သဒ္ဓါ

အဖြူရောင်နတ်သမီး said...

Happy Birthday... my lovely ANGEL...