Saturday, September 10, 2011

“သို့ ... သူ”

သတိ၇ပါတယ် ...
ဘေးနေရာပေမယ့် အဝေးမှာနေရသလိုပဲ
မြင်သမျှ စကားလုံးများ
ကြားသမျှ အသံပွက်ပွက်
ကျွန်တော်ထက့် အသာမှာမို့
အလှမ်းကွာတာ မဆန်းပါဘူး ... သူ ...။

လှမ်းမျှော်စရာ ပန်းတစ်ပွင့်မို့
မှန်းမျှော်ကာလည်း မရည်မှန်းမိဘူး
တခုတ်တလျလို့ပဲ ဆိုဆို 
မုန်းမရလို့ပဲ ဆိုဆို
ကျွန်တော်မျက်ရည်ပူပူနဲ့
ပွဲဆူအောင်လည်း မလုပ်ချင်ဘူး ... သူ ...။

နေလိုရာစေ ထားလိုရာသွား
မင့်အသံပါးပါးမှ မကြားနိုင်သရွေ့
အရူးလိုပဲ ဆိုဆို 
အမူးလို့ပဲ ဆိုဆို
တခါတခါ မှောင်ရိပ်ခို ငိုရတာ
မသက်သာလှဘူး ... သူ ...။

မုန်းရင်လည်းရူး
ပစ်ရင်လည်း(ရင်)စူးမှာပါပဲ ... သူ
အညာတရဆန်ဆန်လို
ဘ၀ထန်ထန်လှိုင်းထက်မှာ
ယှဉ်တွဲကာ မခေါ်ရက်ဘူး
ရင်ထဲမှာ အနာတရနဲ့
ဒဏ်ရာတရှရှကို ခံယူ
ကျွန်တော်ရင်တွေလည်း ပူတယ် ... သူ ...။

စကားအပို မဆိုတတ်တာနဲ့
အသည်းမာတတ်သူတဲ့လား ... သူ
ပန်းကိုပဲ ပျိုးချင်
အလွမ်းကိုပဲ (ပိုင်) စိုးချင်သူမို့
ပန်းတစ်ပွင့် တင့်တယ်နေသမျှ
တသိမ့်သိမ့်ကြည်နူး
ဒီဥယျာဉ်မှူး ကျွန်တော်
စိတ်ကူးနဲ့ ရူးနေတုန်းပါ ... သူ ...။

ဘယ်လိုပဲဆိုဆို
ရင်ထဲမှာ ငွေ့ရည်ဖွဲ့တုန်းမို့
တချက်ချက်လွင့်လာတဲ့
မင်းအသံထွက် အတွက်
ဆန္ဒတစ်စုံကို စိုက်ပျိုး
လက်ဆစ်တွေကို ရည် (တွက်) ချိုးရင်း
မင်း အပြန်တလှည့်ကို
သေသပ်စွာ ဆုတောင်း
ကျွန်တော် အလွမ်းတွေ ကြောင်းနေပါရစေတော့
ထာဝရ ရင်၌ပျိုးသော ... အို ... သူ ...။

ညလင်းအိမ်
(၁၀.၁၀.၁၁)

12 comment[s]:

လင်းခေတ်ဒီနို said...

သေစားသေစေ
သူပေးမယ့် အမိန့်
နှလှံသားကိုမှ သတ်ကွင်းပို့ချင်သတဲ့လား
တခါတရံ တိတ်ဆိတ်
ကြိတ်ခါ ရှုရှိုက်မိတဲ့ အပြုံးတွေ
မျက်လုံးစုံမှိတ်
မြှောက်လိုက်တဲ့ အမိန့်ဓား ထက်ထက်အောက်မှာ
ကျွန်တော်
ရင်ဘတ်ကို ဖြန့်ခင်း
ထာဝရ အရှင်သခင်အတွက်
ဆ န္ဒ တစ် စုံ တစ် ရာ အ တွက် . . . . .

Anonymous said...

သတိ။။။။။။
ရင်ထိစေသောကဗျာများမရေးရ
ဟင့်
ခင်ဗျားဗျာာာ
တော်ပြီပြောတော့ဝူးးး
ခံစားရတယ်


မောင်ဘကြိုင်

Angelhlaing(May everybody be happy and healthy! said...

သတိ၇ပါတယ် ...
ဘေးနေရာပေမယ့် အဝေးမှာနေရသလိုပဲ
မြင်သမျှ စကားလုံးများ
ကြားသမျှ အသံပွက်ပွက်
ကျွန်တော်ထက့် အသာမှာမို့
အလှမ်းကွာတာ မဆန်းပါဘူး ... သူ ...။

အစမှာနဲ့တင် အရှိုက်ထိတယ်အကိုရယ်...
ကဗျာကောင်းလေး ခံစားအားပေးလျှက်ပါလို့..

blackroze said...

ကဗျာလေးကကောင်းလိုက်တာ
ကိုညရေ..
ခံစားချက်တွေအပြည့်အဝကိုပေါ်လွင်နေတာဘဲ

ခင်မင်တဲ့ Blackroze

အနှိုင်းမဲ့ said...

သူ....

Cameron said...

သူ သူ သူ ....... သူဘယ်သူလဲ....။ ဘယ်ဖက်အိပ်ကပ်ထဲက ချာဂျင်ကိုပြောင်းလိုက်ပြန်ပြီလား...။

Anonymous said...

သေသပ်စွာဆုတောင်းတွေပြည့်ပါစေ....
ဝိုင်းဆုတောင်းပေးခဲ့ပါတယ်။

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

zue said...

ကိုတူး..
အလွမ်းတွေ ကြောင်းနေလို့ ပျောက်နေတာလား..း)

စံပယ်ချို said...

စစချင်းမှာပဲ
ထင်မိတယ်...ကိုယ့်ကိုများစောင်းရေးနေ
သလားလို့...ရင်ထဲထိသွားပါပြီ။
ခင်မင်တဲ့ jasmine

vampire said...

ကျွန်တော် ဖတ်ရတဲ့ (သူ)ဆိုတဲ့
လူကို မြတ်နိုးမိတဲ့ စာရေးသူဟာ နာကျင်မှုတွေများခဲ့ပါလား။

အဖြူရောင်နတ်သမီး said...

အဲဒီ“သူ”ပဲ..အမျိုးစုံ စိတ်ဒုက္ခတွေပေးနေတာ..
ဒါလည်း ကိုတူးတို့က ချစ်ဆဲ..
ဆွေးဆဲ..
ငေးဆဲ....
သြော်...
အချစ်..အချစ်

Anonymous said...

သူရေရ

~ Kk ~