Tuesday, August 2, 2011

"Happy Birthday To Me"

နှင်းကြွေသံ တဖျောက်ဖျောက်နဲ့
မိုးသောက်ကြတဲ့ နေ့တွေ
တဖြည်းဖြည်းလျော့ပါးသွား
လက်ချိုးရေစရာမလိုပဲ
အချိန်တွေက အဆုပ်လိုက် ၀ါးမြိုသွားကြတယ် ...။

ကိုယ့်ကိုကိုယ် ခွဲခြမ်းစိတ်ဖြာဖို့
တစက္ကန့်ဆိုတဲ့ အချိန်
ဘယ်မှာသွားရှာရမလဲ ...
လိုချင်တဲ့ အရာတွေများတိုင်း
ပေးလိုက်တဲ့ အရသာက ပိုခါးတယ် ...။

တခါတလေ
ကိုယ့်သမိုင်းကို ကိုယ်ပြန်ဖတ်တော့
ချိုခြင်း ခါးခြင်း ချစ်ခြင်း မုန်းခြင်း
တကယ်တော့ ...
အားလုံးဟာ ပြီးဆုံးသွားခြင်းပဲ ...။

ဒီလိုနဲ့ ကျွန်တော်ဟာ
မရေမရာ အနာဂတ်အတွက်
တစ်နှစ်ဆိုတဲ့ သတ်မှတ်ချက် ကွာခြားသွားတယ် ...။

ပန်းတွေက ပွင့်တုန်း
နှင်းတွေက ဝေတုန်း
မိုးတွေလည်း ကြွေတုန်း
ကျွန်တော်လည်း လေ (တေပေ) တုန်းပါပဲ ...။

စကားကြီးကြီးတော့ မပြောတတ်ဘူး
ဒီနေ့အတွက်တော့
"Happy Birthday To Me" ...။

ညလင်းအိမ်
(၂.၈.၁၁)

16 comment[s]:

Cameron said...

စကားကြီးကြီးပြောဖို့မလိုပါဘူး...ညရယ်....။
အဲသလိုလေး တိတ်တဆိတ်ကလေး ကဗျာလှလှလေးနဲ့ ကိုယ့်မွေးနေ့လေးကိုလဲ အဆုံးသတ်ဖူးချင်တယ်....။ ပထမဆုံးလာမန့်တယ်ဆိုတာလဲ မွေးနေ့လက်ဆောင်ပဲပေါ့ကွယ်....း)

Angelhlaing(May everybody be happy and healthy! said...

Happy birthday ပါ အကိုရေ...
ကဗျာလေးက လှလိုက်တာ...:):)

Anonymous said...

အင်း . . ဆုတောင်းပေးမယ်ဗျာ . . ကိုယ်ချစ်တဲ့ ကောင်မလေးနဲ့ ညားပါစေဗျာ . . . တိုတယ် ပြတ်တယ် ဟွင်းးးးးးး)

ဗညား

အဖြူရောင်နတ်သမီး said...

အကျွေးအမွေးကိုတော့ ထုံးစံအတိုင်း ချစ်မမ အဖြူရောင်နတ်သမီးက တာဝန်ယူပါတယ်ဗျို့...
ဒီဘက်ကိုသာ ကြွခဲ့ကြပါ...

Happy Birthday....ကိုတူး

mstint said...

ထူးမြတ်တဲ့ မွေးနေ့မင်္ဂလာရက်မြတ်က အစပြုလို့ လောကီလောကုတ္တရာ နှစ်လီနှစ်ဝ လိုအင်ဆန္ဒအဖြာဖြာ ပြည့်ဝကာ ကြံတိုင်းအောင်၍ ဆောင်တိုင်းမြောက်ကာ သောကကင်းဝေးစွာဖြင့် သာသနာအကျိုးပြုနိုင်သော သားကောင်းရတနာ ဖြစ်ပါစေလို့ တောင်းဆုချွေခဲ့တယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စန္ဒကူး said...

ပျော်ရွှင်တဲ့မွေးနေ့လေးဖြစ်ပါစေ..
Happy Birthday!! wish you all success for your future!

မြတ်မွန် said...

ဖိနပ်လေးတစ်စုံ မွေးနေ့လက်ဆောင်ပေးပါတယ်..။
ဟက်ပီ ဘက်ဒေးနော် ကိုည..။
ခင်တဲ့..။

နေ၀သန် said...

happy birthday ကိုတူးရေ...

ခင်မင်လျက်
နေ၀သန်

Oversea Burmese Youth Group said...

Happy Birthday ညီ

အကျွေးအမွေး နဲ့ဧည့်ခံမဲ့ ချစ်မမဆီ သွားကြည့်လိုက်အုံးမယ်။

မြစ်ကျိုးအင်း said...

ပျော်ရွှင်ဖွယ်ရာမွေးနေ့လေးဖြစ်ပါစေ။ ဘဝတစ်လျှောက် အဆင်ပြေသာယာပါစေဗျာ။

သိင်္ဂါကျော် said...

Happy Birthday!
your dreams may come true.

သဒ္ဓါလှိုင်း said...

ပျော်ရွှင်ဖွယ်မွေးနေ့လေးတခုဖြစ်ပါစေကိုတူး။
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး စိတ်ဆန္ဒတွေအားလုံးကို အောင်မြင်စွာနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါစေ။ မိဘကိုလုပ်ကျွေးပြုစုနိုင်တဲ့ သားကောင်းလေးတယောက်ဖြစ်ပါစေ။
ခင်မင်လျက်
သဒ္ဓါ

စံပယ်ချို said...

Happy birthday ပါ
ကဗျာလေးက ကောင်းလွန်းတယ်....
ခံစားသွားပါတယ်ရှင်။

Anonymous said...

ပျော်ရွှင်ပါစေဗျာ
ကောင်မလေးတွေနဲ့အဆင်ပြေပြီး ပြုံးဖြီးနိုင်ပါစေ
း)

မောင်ဘကြိုင်

နွေးနွေးသဲမွန် said...

ဒီလိုနဲ့ ကျွန်တော်ဟာ
မရေမရာ အနာဂတ်အတွက်
တစ်နှစ်ဆိုတဲ့ သတ်မှတ်ချက် ကွာခြားသွားတယ် ...။ =) Love it

may kyaw said...

ပန်းတွေက ပွင့်တုန်းဆိုပေမယ့် မနှစ်က ပန်း မဟုတ်ဘူး ....
နှင်းတွေက ဝေတုန်းဆိုပေမယ့် မနှစ်က နှင်းမဟုတ်ဘူး ...
မိုးတွေလည်း ကြွေတုန်းဆိုပေမယ့် မနှစ်က မိုးတွေ မဟုတ်ဘူးဆိုတော့ .....
မနှစ်က ကျွန်တော်လေနေတဲ့ ကျွန်တော်လည်း ဒီနှစ် ကျွန်တော် ဟုတ်ချင်မှ ဟုတ်မှာပေါ့ ..