Monday, July 25, 2011

“အလွမ်းညနေများစွာ”

တစစလွင့်ပါးသွားသလိုနဲ့
အဲ့ဒီ ညနေတွေက လှပလွန်းတယ်
ညမှောင်ကို ကြိုဆိုဖို့
ရှက်သွေးကြွယ်ပြတဲ့
အလင်းရောင်ရယ်
မင်းကိုသတိတရနဲ့
ငါဖျားနာတယ်။

တိမ်တိုက်ကုပ်ကုပ်အောက်မှာ
ကိုယ်တိုင် ရက်လုပ်ထားတဲ့
သံယောဇဉ် တစ်မျှင်နှစ်မျှင် ...
လက်ခြင်းတွဲယှက်ထားတဲ့
အရိပ်တစ်စုံနဲ့ ...
ကန်ဘောင်ဘေးက
မညီမညာလမ်းကလေး ...
ငါ့ ကိုအဖြေပေးကြပါ။
(သူဘယ်မှာလဲကွယ်)

ညနေတွေထဲက ကောင်မလေး
သတိရလိုက်ရတာ ...
ငါ ကိုယ်တိုင်ရေးပေးခဲ့တဲ့ ကဗျာ
ငါ ကိုယ်တိုင်တွေးပေးခဲ့တဲ့ အနာဂတ်
မင်း အတွက် ထာဝစဉ်
ထွန်းလင်းပါစေ ။

ငါ့မှာတော့
ညနေတွေ ကြုံတိုင်း
ရစ်မှိုင်းဝေသီ
အတွေး ပန်းချီတွေနဲ့
ဒဏ်ရာတွေ လင်းလက်တောက်ပတယ်။

ထားခဲ့တော့ နေမင်းရေ
လမင်းက ငါ့ကို မကြိုမှတော့
အဲ့ဒီတိမ်အုပ်တစ်ထွေနဲ့
ငါ့ စိတ်တွေ လေနေပစေ
ညနေများစွာမှာ
သူ့ ကိုသတိရနေမယ်။

ညလင်းအိမ်
(၂၅.၇.၁၁)

7 comment[s]:

မဒမ်ကိုး said...

ညနေများစွာမှာ
သူ့ ကိုသတိရနေမယ်။..

ကိုယ်ကသူ့ကိုသတိရနေပေမယ့်
သူကတစ်စုံတစ်ယောက်နဲ့ပျော်နေတယ်ဆိုရင်....
သတိရကျိုးတော့မနပ်ဘူး...
.လာရောက်အားပေးသွားပါတယ်ရှင်..
ပျော်ရွှင်ပါစေ...

မဒမ်ကိုး

Cameron said...

တစ်လမှတစ်ခါ ကဗျာကောင်းလေးတွေထွက်အောင်ရေးရေးတတ်တဲ့ ကိုညလင်းအိမ်....။
ကြိုက်တယ်...ခိုက်တယ်...။ စာသားလေးတွ ပိုနုလာသလိုပဲ...။

အဖြူရောင်နတ်သမီး said...

ညနေများစွာမှာ
သူ့ကို သတိရနေမယ်..
“သူ့”ကိုပြောတာနော်..း)

mstint said...

ရင်တွင့်ခံစားချက် ကဗျာလေး လာရောက်အားပေးသွားပါတယ်ကွယ်။
ကလောင်သွားကထက်တယ်နော်။
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေ။

မေတ္တာဖြင့်
အန်တီတင့်

သိင်္ဂါကျော် said...

ညနေတွေထဲက ကောင်မလေး..
အခု ဘယ်များ ရောက်နေပါလိမ့်..

Angelhlaing(May everybody be happy and healthy! said...

အလွမ်းတွေ ကူးစက်လို့
ညီမလေးလဲ သူ့ ကိုလွမ်းသွားပြီ အကို...:)

စံပယ်ချို said...

အမှန်အတိုင်းပြောရရင်
ကဗျာခေါင်းစဉ်ကိုပိုပြီးကြိုက်မိပါတယ်။

ကဗျာထဲက ကောင်မလေးနဲ့အမြန်ဆုံပါစေရှင်။