Saturday, November 6, 2010

“အစွန့်ပစ်ခံ လရောင်နှင့်အတူ”

ညက တိတ်ဆိတ်စွာ မဲမှောင်လာပြီ
တစ်ယောက်သောသူက ရောက်မလာခဲ့ဘူး
အချိန်နာရီတွေသာ တိုက်စား
မျှော်လင့်ချက်တွေ ပါးပါးလာတယ် ...။

ဘာပြောနိုင်မှာလဲ
တမ်းတလွမ်းဆွတ်မှုဆိုတဲ့ ရနံ့ကိုမှ
ရှုရှိုက်မိသူ
အိပ်မက်တံခါးဝမှာ လရောင်ကို မျှော်ကြည့်ရုံပေါ့ ...။

ပန်းပျိုနတ်သမီးရေ
နင့် တေးသံတို့ ချိုခဲ့သောညတွေ
ရပ်တန့်ခဲ့ပြီလား
ငါက ညမင်းသားမဟုတ်ပါဘူး
ညကို စောင့်ရှောက်သူပါ
နင့် အနားမှာ
အမှုန်အ၀ါးတစ်ကောင်ပေမယ့်
ကပ်ပါးကောင်တော့ ဖြစ်ချင်ခဲ့တာ သိရဲ့လား ...။

ညမွှေးပန်းတို့ မွှေးပါဧ။်
လအဆင်းလည်း လင်းပါဧ။်
ဒါပေမယ့်
နှလုံးသားက သွေးချောင်းစီးတယ်
မျှော်လင့်တမ်းတ ဒီညက အဓိပ္ပါယ်မဲ့တယ်
ဘယ်တတ်နိုင်ပါ့မလဲ
ဥပေက္ခာတရားရဲ့ စီရင်ချက်အတိုင်းပေါ့
ငါ ကတော့ ...
အမြဲအမြဲ ကျရှုံးခန်းဘောင်ထဲမှာပဲ
ညတွေကို စောင့်ရှောက်ရင်း
အစွန့်ပစ်ခံ လရောင်ကို အဖော်ပြုနေအုန်းမယ် ...။

ညလင်းအိမ် (၆.၁၁.၁၀)

13 comment[s]:

အုပ်ကြီး said...

တကယ်တော့ ဒို့ လည်းသူ့ လိုပါပဲ ..
အိမ်ရှေ့ ဝရန်တာကနေ လ ကိုငေးကြည့်ရင်း
လာဖို့ မေ့သွားခဲ့တယ် ..
အဲဒီ့ညက ညမွှေးပန်းတို့ အရမ်းမွှေးတယ် ..သိလား ..

ကိုဇော် said...

လရောင်ကို အဖော်ပြုနေရတာ ကြာပေါ့။

~ဏီလင်းညို~ said...

အကြောင်းအရာကစပြီး....အရေးအဖွဲ့ရော..... တစ်ပုဒ်လုံးကိုပါ.....နှစ်သက်စွာခံစားဖတ်သွားတယ်ကိုတူး......။
(ရေးဖြစ်သလောက်တင်ပါ......။ အစ်ကိုတောင်းဆိုပါသည်။)

ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို

လင်းခေတ်ဒီနို said...

ပန်းပျိုနတ်သမီးရေ
နင့် တေးသံတို့ ချိုခဲ့သောညတွေ
ရပ်တန့်ခဲ့ပြီလား
ငါက ညမင်းသားမဟုတ်ပါဘူး
ညကို စောင့်ရှောက်သူပါ
နင့် အနားမှာ
အမှုန်အ၀ါးတစ်ကောင်ပေမယ့်
ကပ်ပါးကောင်တော့ ဖြစ်ချင်ခဲ့တာ သိရဲ့လား ...။

အရမ်းကောင်းတယ်

သော်ဇင်စိုး said...

လရောင်ကိုမျှော်နေတဲ့ ညလင်းအိမ်လေး...
ချစ်သောသူနဲ့ အကွေကွင်းရပါစေနဲ့ကွယ်..

Anonymous said...

တိုက်ဆိုင်လိုက်တဲ့ကဗျာပဲဗျာ
ကဗျာထဲမှာ ကျွန်တော့်ရဲ့ သူမ ပါသွားတယ်
ကျေးဇူးးး


မောင်ဘကြိုင်

Cameron said...

ညနတ်သားလေးကတော့
အမြဲအမြဲ ကျရှုံးခန်းဘောင်ထဲမှာပဲ
ညတွေကို စောင့်ရှောက်ရင်း
အစွန့်ပစ်ခံ လရောင်ကို အဖော်ပြုနေအုန်းမယ်တဲ့ ...။

အဖြူရောင်နတ်သမီး said...

“ငါက ညမင်းသားမဟုတ်ပါဘူး
ညကို စောင့်ရှောက်သူပါ
နင့် အနားမှာ
အမှုန်အ၀ါးတစ်ကောင်ပေမယ့်
ကပ်ပါးကောင်တော့ ဖြစ်ချင်ခဲ့တာ သိရဲ့လား ...။”
.....................

copy..paste မလုပ်ရရင် စားမဝင် အိပ်မပျော်လို့ပါ..(ဟီး)

အဲဒီအပိုဒ်လေး အရမ်းကြိုက်တယ်..

နေ၀သန် said...

အင်း.. ငါ့အစ်ကိုတို့ရဲ့ ကဗျာတွေကတော့ နုမြဲနုဆဲပါပဲဗျာ...


ခင်မင်တဲ့
နေ၀သန်

blackroze said...

အလွမ်းကဗျာဖတ်ပြီး
အလွမ်းပိသွား၏

မြတ်မွန် said...

ကိုညရယ် အစွန့်ပြစ်ခံလရောင်တဲ့ရက်စက်တယ်..။
လှပတဲ့လရောင်လေးကို အဖော်ပြုပါလား ကိုညရာ..။

အင်ကြင်းသန့် said...

မွန်ပြောသွားသလိုပဲ လှပတဲ့လရောင်လေးတွေ ကိုတူးဆီကို အမြန်ဆုံးရောက်လာပါစေ။

zue said...

လရောင် အောက်မှာ အိပ်ပျော်နေပြီလား အကို...
အသစ်ရေးပေး.. မျှော်နေတယ်...း)