Sunday, October 17, 2010

“ဗလာအတိနဲ့ ကံဇာတာ ထိတဲ့အကောင်”

တိမ်တွေက ရင်ဘတ်ပေါ်မှာ လူးလွန့်
လေတွေတောင် ကျီစားနေကြတော့
ကောင်းကင်ပြတ်ရွေ့တွေကြား
အလင်းဝတ်ရုံလွှာကို ခြုံလိုက်မိတယ်

ဒါပေမယ့် မရပါဘူး ...

ရိုးအီနေတဲ့ အထီးကျန်အမှောင်ထုအောက်မှာ
အလင်းပွင့်လာဖို့ဆိုတာ
အိပ်မက်တခုလေလားပဲ ...

တကယ်တမ်းပြောရရင်
ငါ ... ဆိုတာကိုက 
ဗ လာ အ တိ နဲ့ ကံ ဇာ တာ ထိ တဲ့ အ ကောင် ...


14 comment[s]:

မြစ်ကျိုးအင်း said...

စိတ်အားမငယ်နဲ့လေဗျာ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကံမကောင်းတာ အမြဲမဟုတ်ပါဘူး
တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်.
ဖြစ်တဲ့အခိုက်မှာ စိတ်ဓာတ်မကျဖို့ လိုတယ်နော်။

အုပ်ကြီး said...

ဗလာအတိထဲက ထွက်ကျလာတာတွေ
တယုတယ နဲ့ ဖတ်သွားပါတယ် ..

ကိုဇော် said...

ကိုဇော် said...

ဗလာအတိ နဲ့ ထိတာ ကောင်းတာပေါ့။
အေးအေးဆေးဆေး ရေးချင်ရာ ရေးလို့ ရတယ်။
သူများရေးပြီးသား ဆိုရင် ပိုဆိုးလိမ့်မယ်။

အဖြူရောင်နတ်သမီး said...

စုတ်ဝင်ရင် လဒ်မဝင်ဘူး..........
လဒ်ဝင်ချင်လို့ဖြစ်မယ်.........
ထူးခြားတဲ့ အောက်တိုဘာလနော်........
ထီထိုးးးးးးးးးကွာာာာာာာ
ပေါက်ရင် ငါ့မမေ့နဲ့....ဒါပဲပြောမယ်...။

လင်းခေတ်ဒီနို said...

ရိုးအီနေတဲ့ အထီးကျန်အမှောင်ထုအောက်မှာ
အလင်းပွင့်လာဖို့ဆိုတာ
အိပ်မက်တခုလေလားပဲ ...

:))))

Cameron said...

အမှောင်ထဲ ပိတ်လှောင်မခံနဲ့ ရူးသွားလိမ့်မယ် ..။

ခင်တဲ့
မိုးငွေ့

အင်ကြင်းသန့် said...

ဗ လာ အ တိ နဲ့ ကံ ဇာ တာ ထိ တဲ့ အ ကောင် ... ????

ကောင်းတဲ့ကံဇာတာတွေက လာထိတာမို့လား ကိုတူးရဲ့....

noblemoe said...

မောင်လေးရေး
အားမငယ်နဲ့ ဗလာအတိမဟုတ်သေးဖူးလေ တစ်ချက်လောက်အာရုံစိုက်ကြည့်လိုက်ပါ မောင်လေးမှာပိုင်ဆိုင်တာတွေများကြီးပါ။
မိသားစုတွေ သူငယ်ချင်းတွေ နောက်ဆုံးကိုယ့်ဘေးမှာဘယ်သူမှမရှိသည့်တိုင်
အားကိုးတကြီးရှစ်ခိုးဖို့ ဘုရားသခင်တော့ရှိသေးပါတယ် မောင်လေးရေး အမတော့ဒီလိုပဲတွေးပြီးအားတင်းမိလို့ ပါ။

အမှောင်ထုတွေကင်းစင်ပြီးညဘဝထဲကို အလင်းတန်းလေးအမြန်ရောက်ရှိလာနိုင်ပါစေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မြတ်မွန် said...

ကိုညရေ..ခေါင်းစဉ်က တအားဂွတ်တယ်..။

အနှိုင်းမဲ့ said...

ကံဇာတာမကောင်းရင် ဗေဒင်လေးဘာလေးသွားကြည့်လေ။

Anonymous said...

သူကြေငြာနေပီ
သီတင်းကျွတ်တော့မယ်နော်
း)
မောင်ဘကြိုင်

သော်ဇင်စိုး said...

ကိုတူး ကြိုစားထား
ညီလေးကိုအားကိုး မမှားဘူး.. :D