Friday, September 17, 2010

“လရောင်ကို မျှော်မိတဲ့နောက်”

ညက ပွင့်အာလာပြီလား
ကြယ်ရင်ပြင်မှာ ငါဒူးထောက်နေပါတယ်
လင်းမြပါတော့
လဆီက အရောင်တွေနဲ့ဆမ်း
ငါ့ ရင် နှုတ်ခမ်းကို နမ်းကြပါ ...။

အိမ်မက်တွေက တဖက်ကမ်းဆီ
ကြွမြန်းကြပြီ ထင်ပါရဲ့
ကြိုးမချည်ထားတဲ့ အလွမ်းဆိုတာ
ခိုးခိုးပြီးတောင် မလန်းနိုင်တဲ့ ပန်းမို့
ကြာလာတော့ ရိုင်းသွားမှာ စိုးတယ် ...။

လရောင်က နှုတ်ဆက်ခြင်းမဲ့
ထွက်ခါသွားလေတော့
ကြယ်တွေက (ရီ)ရယ်သွေး
အတွေးခပ်ရေးရေးတွေတောင်
ငါ့ကို မကယ်နိုင်တော့ဘူး ...။

လရောင်ကို မျှော်မိတဲ့ပန်း
ဇာတ်သိမ်းမလှတဲ့ အခန်းတွေနဲ့
နောက်ဆုံးနိဂုံးချုပ်
ကိုယ်ကို ရုတ်လိုက်ရတဲ့နောက် ...

အဲလို ညတွေ ငါ့ကိုတိုက်စား
ခြားနားခြင်းတွေက များလာတယ်
မျှော်လင့်ခြင်းနဲ့
အခါခါ ဒူးထောက်
လရောင်က ရောက်မလာခဲ့ဘူး ...။

နောက်ဆုံးတော့
ဖူးရုံသာဖူးခဲ့တယ်
ပွင့်ခွင့်မရပဲ
ညတွေသာ ပွင့်အာလာတော့တယ် ...။

ညလင်းအိမ်
(၁၇.၉.၁၀)

~~~~ @@@@ ~~~~
ဘာတွေ ရေးမိမှန်းမသိသလို ဘာတွေ တွေးမိမှန်းမသိတော့ဘူး ... သေချာတာတော့ စိတ်တွေက နောက်နေတယ် ... အချိန်တွေက ပျောက်နေတယ် ...း(

21 comment[s]:

မေပယ်လ် said...

စကတည်းက ယဉ်ခဲ့တယ်.

အိမ်မက်တွေက တဖက်ကမ်းဆီ
ကြွမြန်းကြပြီ ထင်ပါရဲ့
ကြိုးမချည်ထားတဲ့ အလွမ်းဆိုတာ
ခိုးခိုးပြီးတောင် မလန်းနိုင်တဲ့ ပန်းမို့
ကြာလာတော့ ရိုင်းသွားမှာ စိုးတယ် ...။

လှတယ်ဗျာ..အားကျတယ်

မေပယ်လ် said...

စကတည်းက ယဉ်ခဲ့တယ်.

အိမ်မက်တွေက တဖက်ကမ်းဆီ
ကြွမြန်းကြပြီ ထင်ပါရဲ့
ကြိုးမချည်ထားတဲ့ အလွမ်းဆိုတာ
ခိုးခိုးပြီးတောင် မလန်းနိုင်တဲ့ ပန်းမို့
ကြာလာတော့ ရိုင်းသွားမှာ စိုးတယ် ...။

လှတယ်ဗျာ..အားကျတယ်

ကိုဇော် said...

စိတ်ရှုပ် ၊ အလုပ်များနေရင် တကယ်ကို ဒီလိုပဲ ဖြစ်တတ်တယ် ညီရေ။ ကဗျာမှာ အရင်ကလို အားတွေ နည်းနေပေမဲ့ ကောင်းတော့ ကောင်းနေပါသေးတယ် ကဗျာလေးက..
နည်းနည်း လျှောက်လည်လိုက်ပါလားကွ။

လင်းခေတ်ဒီနို said...

ဝိုးးးးး ဘယ်အပိုဒ်ကို ကောင်းတယ်ပြောရမှန်း မသိအောင်ကို လက်ထက်လွန်းတယ်ဗျာ . . .

သိပ်ကောင်းတယ် တပုဒ်လုံးကို ကြိုက်တယ်

လရောင်က နှုတ်ဆက်ခြင်းမဲ့
ထွက်ခါသွားလေတော့
ကြယ်တွေက (ရီ)ရယ်သွေး
အတွေးခပ်ရေးရေးတွေတောင်
ငါ့ကို မကယ်နိုင်တော့ဘူး ...။

မြတ်မွန် said...

လမိုက်ညမှာ
လရောင်ကို မျှော်လင့်နေသလိုပေါ့ ကိုည။

အစစအရာရာ အဆင်ပြေချောမွေ့ပါစေ။

ခိုင်နုငယ် said...

ဘာရေးမှန်းမသိပေမယ့်
ဘာမှန်းမသိအောင်ကို ကဗျာတွေကကောင်း
လွန်းပါတယ်။ :) :)
ပျော်ရွှင်ပါစေ..........ကိုညလင်းရေ..


ခင်မင်စွာဖြင့်
ခိုင်နုငယ်

အနှိုင်းမဲ့ said...

ဟိုငနဲလေးတွေအာရုံနှောက်တာတောင်...
လက်ရာကောင်းတွေထွက်လာနိုင်သေးတယ်နော်..
အံ့ရော..အံ့ရော :P

အင်ကြင်းသန့် said...

သြော်....ဘာတွေရေးမိမှန်းမသိ ဘာတွေတွေးမိမှန်း မသိ၊ စိတ်တွေနောက်ကျိစွာနဲ့ရေးထားတဲ့ ကဗျာတဲ့လား....လက်ဖျားခါသွားပါတယ် ဆရာတူးရေ....။

Cameron said...

ဟွန်းးး အာရုံနှောက်တယ်ပြောတာပဲ ကဗျာကတော့ လန်ထွက်နေတယ်....

ခင်တဲ့
မိုးငွေ့

Maung Myo said...

ညတွေပွင့်သွားတဲ့ ကိုည ရဲ့ ကဗျာလေး လာဖတ်သွားတယ်ဗျ

ချော(အစိမ်းရောင်လွင်ပြင်) said...

တခါတလေမှာ လရောင်ကိုမျှော်ရတာ ရင်မောစရာကောင်းတယ်
လရောင်ကိုမျှော်ပြီး မိုးလင်းသွားတဲ့ မနက်တွေ ကြုံဖူးတာပေါ့။
ဘယ်အရာဘဲဖြစ်ဖြစ်ပါလေ
မျှော်လင့်ရတာဟာ ရင်မောစေပါတယ်.
ဇာတ်သိမ်းမလှမှန်းသိရက်နဲ့ မျှော်နေမိတာ ပန်းတွေရဲ့ သဘာဝ ဖြစ်ပါလိမ့်မယ်...

မောင်သီဟ said...

လရောင်ဆိုတဲ့ ကောင်မလေးကိုထင်တယ်
း)
း)

သုခုမလေဒီ said...

စိတ်ညစ်ညစ်နဲ့ အလည်လာရင်း... ကဗျာလေးဖတ်သွားခဲ့တယ်...
အချိန်ပျောက်တာချင်းတော့တူတယ်။ အဆင်ပြေပျော်ရွှင်ပါစေ..။

အုပ်ကြီး said...

"..အိမ်မက်တွေက တဖက်ကမ်းဆီ
ကြွမြန်းကြပြီ ထင်ပါရဲ့
ကြိုးမချည်ထားတဲ့ အလွမ်းဆိုတာ
ခိုးခိုးပြီးတောင် မလန်းနိုင်တဲ့ ပန်းမို့
ကြာလာတော့ ရိုင်းသွားမှာ စိုးတယ် .."

တစ်ခုခုကိုပြောချင်ပေမယ့်အလွမ်းတွေက
ဆွံအနေသလိုပဲဗျာ..
ဒီတစ်ခါလည်း ဘာမှတော့ပြောဖြစ်မယ်မထင်ပါဘူးဗျာ

blackroze said...

လရောင်နဲ့အတူလပြည့်ညတွေကိုပိုင်ဆိုင်နိုင်ပါစေလို့..

အဖြူရောင်နတ်သမီး said...

“ကြိုးမချည်ထားတဲ့ အလွမ်းဆိုတာ
ခိုးခိုးပြီးတောင် မလန်းနိုင်တဲ့ ပန်းမို့
ကြာလာတော့ ရိုင်းသွားမှာ စိုးတယ် ...။”

အရိုင်းပန်းလည်း လှပါတယ်နော်...

အားတင်းထား ကိုတူးရေ...
နေကောင်းတယ်ဟုတ်....
အမလည်း အလုပ်တွေရှုပ်ပြီး အရှုပ်တွေလုပ်နေလို့....
အလာနောက်ကျသွားတယ်..ဆောဒီးးးး

သဒ္ဓါလှိုင်း said...

ကဗျာပါရမီရှင်တွေများ...စိတ်တွေနောက်..အချိန်တွေ
ပျောက်တာတောင် ကဗျာကောင်းတွေ ရေးနိုင်လိုက်တာ.
ပျော်ပျော်နေပါကိုတူးရေ..
ခင်မင်စွာ
သဒ္ဓါ

vampire said...

အစ်ကိုညလင်းအိမ်

ဘာကဗျာကြီးလဲ။
အသည်းကွဲ ကဗျာ ထဲက
ခုထိ မထွက်နိုင်သေးတာလား???
ဗီညား ကို "ဂွပ်" သလို ဂွပ်ခံချင်လို့လား။
ဟွင်းဟွင်း ဒီဒီး တဲ့ ဘာမှတ်လဲ။ =)
smile brother, laugh brother for something/one

vampire

ဇော် said...

သေချာတာကတော့
.....................
(ခွင့်မတောင်းပါဘဲ)

ကျနော် ကော်ပီသွားခဲ့တယ်......

သော်ဇင်စိုး said...

အိမ်မက်တွေက တဖက်ကမ်းဆီ
ကြွမြန်းကြပြီ ထင်ပါရဲ့
ကြိုးမချည်ထားတဲ့ အလွမ်းဆိုတာ
ခိုးခိုးပြီးတောင် မလန်းနိုင်တဲ့ ပန်းမို့
ကြာလာတော့ ရိုင်းသွားမှာ စိုးတယ် ...။

ထိတယ်ဗျာ...........

မေကျော် said...

ခင်များ ကဗျာတွေကို ကြိုက်တယ်တောင် ပြောချင်တော့ဘူး .....
အသည်းကွဲတာတွေထဲက ရုန်းထွက်စေချင်လှပေါ့ ....