Thursday, September 2, 2010

“စင်ရော်တို့ ရှိရာ”


ဟိုး ...  စင်ရော်တွေ
ပျော်စံရာ ပင်လယ်ကမ်းမှာလ
ကြင်ဖော်ကို မျှော်ကာလွမ်းနေကြတာ
လှရက်လိုက်တာ ...။

ဟိုး ...  စင်ရော်တွေ
ဖော်မောင်နှံ တသီတတန်းနဲ့
တူယှဉ်ကာ လူးလားပျံသန်း
ကမ်းနားကို တောင်ပံတွေနဲ့ နမ်းနေကြတာ
လှရက်လိုက်တာ ...။

လှိုင်းရေ တချက်အ၀င့်နှင့်
ပနံသင့်လှတဲ့ စင်ရော်
ရွှေရင်မျှော် ကမ်းစပ်နား
လာလည်သူ လူတွေကြား
ခိုဝင်ကာ နားကြတယ်ဆို ...။

အို ... လှလိုက်ပါဘိ
သဘာဝပန်းချီချယ်မှုန်း
ဒီလို ကမ်းစပ်ပုခုံးမှာ
လှိုင်းတွေက တ၀ုန်းဝုန်း
စင်ရော်တွေ တရုန်းရုန်းနဲ့
အချိန်တွေကို ကုန်ဆုံးချင်ပါရဲ့ ...။


ညလင်းအိမ်
(၂.၉.၁၀)
~~~~ @@@@ ~~~~
သူငယ်ချင်း တစ်ယောက်ရိုက်ထားတဲ့ပုံလေးကို ကြည့်ပြီး နှစ်သက်မိလို့ ကဗျာလေးနဲ့ ပုံဖော်မိပါတယ်။

21 comment[s]:

မောင်သီဟ said...

တခါတလေ သူတို့လေးတွေလို တောင်ပံတဖျတ်ဖျတ်နဲ့ ပျံသန်းနေလိုက်ချင်တယ်ဗျာ

မြတ်မွန် said...

ဟုတ်ပါရဲ့
လှလိုက်ပါဘိ
ဇင်ရော်လေးတွေ

သုခုမလေဒီ said...

ငယ်ငယ်တုန်းက သံလျှင်ကို သဘောင်္နဲ့သွားရင် ဇင်ရော် လေးတွေကိုအစာကျွေးရတာ ပြန်သတိရမိတယ်..။ ဇင်ရော်တွေပျံဝဲနေတဲ့ ဓါတ်ပုံလေးမြင်ရရုံကြည်နူးမိတယ်

အုပ်ကြီး said...

"..ဟိုး ... စင်ရော်တွေ
ပျော်စံရာ ပင်လယ်ကမ်းမှာလ
ကြင်ဖော်ကို မျှော်ကာလွမ်းနေကြတာ
လှရက်လိုက်တာ ..."

သြော် ...စင်ရော်တွေတောင်
အချိန်တန်တော့ ကြင်ဖော်တွေကိုယ်စီနဲ့ နော် ..

ယွန်း said...

ကဗျာလေးကလည်းလှ ..ဇင်ယော်လေးကလည်းလှ..
ကမ်းစပ်လေးကလည်း တော်တော်လှတယ်နော်..

Anonymous said...

အရေးရှင်းသလို
အတွေးလဲ လင်းပါဘိ..
မြို့ပြရဲ့ အောက်ဆီဂျင်တွေနဲ့
မွန်းကြပ်လာတိုင်း
စင်ရော်လေးတွေကို သွားသွား
စကားပြောဖြစ်တယ်

မိုးယံ said...

ကဗျာ မရေးတတ်တဲ့ လူတစ်ယောက်ရဲ့ ကဗျာ စာမျက်နှာကို ရေးချင်လွန်းလို့ အကြောဆွဲ နေသူတစ်ယောက်က ပီပီပြင်ပြင် ခံစားသွားပါကြောင်း

ငြိမ်းချမ်းပါစေ
မိုးယံ

Anonymous said...

အတဲကွဲ ကဗျာကနေ
တိုးတတ်လာပြီ ... :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ကိုဇော် said...

ဂွတ်ပဲ...
ပုံရော ကဗျာရော လှတယ်။

နေ၀သန် said...

အင်း..း)).. အခုထိတော့ဟုတ်နေတုန်းပဲ.. အလွမ်းကဗျာမဟုတ်သေးဘူး.. ဟိဟိ


ခင်မင်တဲ့
နေ၀သန်

noblemoe said...

ဟူး စင်ရော်လေးတွေကိုတောင် အားကျသွားတယ် သူတို့ကလို လွတ်လပ်ပေါ့ပါးစွာပျံသန်းလိုက်ချင်တယ်
အလုပ်နဲ့အိမ် အခန်းကျဉ်းလေးထဲမှာ အချိန်တွေကုန်နေတာ မွန်းလာပြီး ဟူးးးးးးးးးး
နေ့တိုင်းကမ်းစပ်နားမှာ တနေ့လုံးပင်ပန်းသမျှအပန်းဖြေလို့ရရင် တော်တော်ပျော်စရာကောင်းမှာနော်

သာယာချမ်းမြေ့ပါစေရှင်း
်မိုး

လင်းခေတ်ဒီနို said...

ဆရာ ဆရာ ဆရာ း))

ဂယ်ခေါ်သွားတာ နောက်တာဟုတ်ဘူးနော်
ဂယ်ကြီးကို ဆရာခေါ်ချင်သွားတာ

ကိုတူးရေးချက် ကျွန်တော်လိုက်မနိင် တော်ပြီး ကဗျာမရေးတော့ဘူး poem ပဲရေးတော့မယ် စိတ်ညစ်တယ်

သဒ္ဓါလှိုင်း said...

ပုံလေးကိုကြည့်ပြီးတော့လည်းကဗျာကောင်းတပုဒ်
ရေးနိုင်တာကိုကြည့်ပြီးကဗျာပါရမီရှင်တယောက်ပါ
နော်..။ အရမ်းလှတဲ့ရှုခင်းလေးပဲနော်...။

ခင်မင်စွာ
သဒ္ဓါ

Cameron said...

တစ်နေ့မှာ ဇင်ယော်လေးတွေလို လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ...ညလေး..။

ခင်တဲ့
မိုးငွေ့

အင်ကြင်းသန့် said...

ဟိုဘက်မှာ ဓါတ်ပုံကြည့်တယ်။ ဒီဘက်မှာ ကဗျာလာဖတ်ပါတယ်။

ဒါနဲ့ စကားမစပ် အစ်မမိုးငွေ့က ညလေးလို့ ခေါ်သွားတယ်။ ညလေးဆိုတာ ညီမလေးကို အမြန်ခေါ်တာလားဟင်.... :P

အဖြူရောင်နတ်သမီး said...

အင်းလေးသွားတုန်းက ဇင်ယော်လေးတွေကို အစာကျွေးဖူးတယ်...
...........................................................

ဇင်ယော်ကို အစာကျွေးရင်း ကိုယ့်ချစ်သူ ကိုယ့်အပေါ်ကောင်း၊မကောင်း(ဖောက်ပြန်မှုရှိ/မရှိ)ဆုတောင်းရင် မကြာခင်ကာလမှာ အဖြစ်မှန်ပေါ်တယ်လို့ကြားဖူးတယ်..
တခါမှတော့ မလုပ်ဖူးဘူး...။

ချော(အစိမ်းရောင်လွင်ပြင်) said...

အင်း ပုံလေးနဲ့ ကဗျာလေးက လိုက်ဖက်လှပါတယ်
ကဗျာဆရာတို့များ ဈာန်ဝင်ချင်တော့ ဓာတ်ပုံလေးတွေ့တာနဲ့ ကဗျာတစ်ပုဒ် ဖြစ်လာအောင် ခံစားတော့ တာဘဲနော်
တော်ချက်...

မြစ်ကျိုးအင်း said...

ပင်လယ်ကမ်းစပ်ရောက်ရင် အချိန်ဘယ်လိုကုန်လို့ ကုန်မှန်းမသိအောင် စိတ်ကြည်နူးမိတယ်။
ဇင်ယော်တွေလို မောင်နှံနဲ့သာဆို ပိုပြီး ပျော်ဖို့ကောင်းမှာ သေချာတာပေါ့

blackroze said...

ကိုညရေ...
ကောင်းလိုက်တဲ့ကဗျာလေး...
အဖွဲ့အနွဲ့လေးကလဲနူးညံနေတာဘဲနော်

~ဏီလင်းညို~ said...

ကိုတူးရေ့......

အစ်ကိုကဗျာလေးလာဖတ်တာ......။
ဖတ်ရင်းနဲ့ စင်ယော်ငှက်ကလေးတွေ အနားမှာဖြတ်ပျံသွားကြသလိုလို..............။
ကဗျာလေးကောင်းတယ်......။

ခင်မင်ခြင်းအားဖြင့်.....
ဏီလင်းညို

ခိုင်နုငယ် said...

လှလှပပ ကဗျာလေးကို
နှစ်နှစ်ခြိုက်ခြိုက် လာဖတ်သွားပါတယ်။
ုကိုညလင်းရေ အရေးအဖွဲ့လေးက
ဇင်ယော်တွေအနားက ဖြတ်ပျံသွားနေသလိုပဲ။
အဲလို သဘာဝအလှတွေကို ခံစားရတာနှစ်ခြိုက်မိ၏။

ခိုင်နုငယ်
ခင်မင်စွာဖြင့်