Thursday, July 22, 2010

“နေရာမှန်”

မထင်ထားခဲ့ဘူး ...
လေဟာနယ်က ၀တ်ရုံလွှာတွေ
ပါးပါးလေးနဲ့ ရင်ကိုလာရိုက်တော့
နှလုံးသားက သံပတ်မပေးရပဲ
သံစဉ်တွေက သူ့အလိုလို
ဖွင့်ဟမိလာတယ် ...။

တကယ်ဆို
စွဲလန်းမိတာ အပြစ်လား
ရင်ခုန်သံတွေ တဝေါဝေါ
အထိန်းအသိမ်း မဲ့မိတဲ့နောက်
အိပ်မက်နဲ့ ဆောက်ခဲ့တဲ့ အိမ်လည်း
လေထုက ခွင့်မပြုခဲ့ပြန်ဘူး။

နှလုံးသားလမ်းကြောင်းဟာ
ကျွန်းခံရုံတင်မကဘူး
ပြတ်ကို ပြတ်နေခဲ့တာ ...။

ဒီလိုနဲ့ ...
အားငယ်စွာ စိုးထိတ်မှုတွေကလည်း
ရာထောင်ချီခဲ့ပြီ ...။
ရင်ထဲက တီးတိုးရွတ်ဆိုခဲ့တဲ့
နာမည်တစုံကလည်း တိမ်ဝင်သွားခဲ့ပြီ ...။

မုသားမပါတဲ့ စကားလုံးတွေက
အမှန်ကို ဖုံးခဲ့လို့လား ... ဟင်
အညတရရဲ့ ရင်ခွင်ဟာ မှောင်မိုက်
ညတွေတောင် ကမ္ဘာပျက်သွားခဲ့ပြီ ...။

မျှော်လင့်ထားတဲ့ လမ်း
ဘယ်မှာမှန်းလဲ မသိ ...
တောင့်တနေမိတဲ့ ကွက်လပ်လည်း
ဗလာနတ္ထိ ...
တိတ်တခိုး ညည်းသံသဲ့သဲ့တောင်
အပါးတော်က နှုတ်ဆက်သွားခဲ့တော့
ကျွန်တော့ ရပ်ဝန်းမှာ
နောက်ဆုံးတော့ ...
မျက်ရည်ငွေ့တွေတောင် မြစ်ဖျားခံကုန်ကြပြီလေ ...။

ညလင်းအိမ်
(၂၂.၇.၁၀)

20 comment[s]:

Dhamma Latsaung said...

အခုကြားနေရတဲ့သီချင်းလေးက
တခါတုန်းက ကိုယ့်ချစ်သူကကိုယ့်ကို
နားထောင်ဖို့ အမှတ်တရပေးခဲ့ဘူးတယ်~~~
သတိရပြီးအရမ်းလွမ်းတယ်~~~~~~
ကိုညကတော့ ဒီတရက်ပဲငိုမယ်ဆိုတော့
ကောင်းပါတယ်..မျက်ရည်မကုန်တော့ဘူးလေ~~:)
ကိုယ်ကတော့~~:(
ကံကောင်းပါစေ ကိုညရေ...ဆုတောင်းပေးပါတယ်။

နေ၀သန် said...

အလို စိတ်ကူးလေးနဲ့ဆောက်တဲ့အိမ်ကိုတောင် လေထုက ခွင့်မပြုဘူးတဲ့လား... ဘ၀၀ဋ္ဋ်ကြွေးလို့ပဲ ခေါင်းစဉ်တပ်ရမလာ.. နှလုံးသားကကျွန်းခံတာမဟုတ်ပဲ ပြတ်တောင်ပြတ်နေတယ်ဆိုလို့...


ခင်မင်တဲ့
နေ၀သန်

လင်းခေတ်ဒီနို said...

မုသားမပါတဲ့ စကားလုံးတွေက
အမှန်ကို ဖုံးခဲ့လို့လား ... ဟင်
အညတရရဲ့ ရင်ခွင်ဟာ မှောင်မိုက်
ညတွေတောင် ကမ္ဘာပျက်သွားခဲ့ပြီ ...။

:)
ပျက်သွားတဲ့ ငါ့ကမ္ဘာ
အမှောင်နက်နက်တွေ တစက်စက်ယိုကျ
ပါးပါးလှပ်လှပ် ရင်ခွင်ကိုတောင်
ထုံးဖြူဖြူ ငါသုတ်ခဲ့ပီးပီး . . .

မင်းရဲ့ မလွမ်းတဲ့ ပန်းခွေ
ငါကိုယ်တိုင် ငါ့အရှေ့မှာပြန်ချလို့
ငါ့အိုး ငါခွဲခဲ့တယ် . . . . .

ခိုင်နုငယ် said...

မျှော်လင့်ထားတဲ့ လမ်း
ဘယ်မှာမှန်းလဲ မသိ ...
တောင့်တနေမိတဲ့ ကွက်လပ်လည်း
ဗလာနတ္ထိ ...
တိတ်တခိုး ညည်းသံသဲ့သဲ့တောင်
အပါးတော်က နှုတ်ဆက်သွားခဲ့တော့
ကျွန်တော့ ရပ်ဝန်းမှာ
နောက်ဆုံးတော့ ...
မျက်ရည်ငွေ့တွေတောင် မြစ်ဖျားခံကုန်ကြပြီလေ ...။

..........
မျက်ရည်ငွေ့တောင်..မြစ်ဖျားခံကုန်ကြပြီလား။..

noblemoe said...

ကျွန်တော့ ရပ်ဝန်းမှာ
နောက်ဆုံးတော့ ...
မျက်ရည်ငွေ့တွေတောင် မြစ်ဖျားခံကုန်ကြပြီလေ ...။
မိုက်တီးရဲ့ရိုက်ချက်မဟုတ်ဖူး ညရဲ့ကောင်းချက် အရေးသားတွေကကောင်းနေပေမဲ့ ခံစားနေတဲ့သူတွက်တော့ ....
ညရေ ကံတွေကောင်းအောင် ကံပွင့်အမွှေးတိုင်လေးဆောင်ပါကွဲ့
ကံကောင်းခြင်းတွေပိုင်ဆိုင်ပြီးသာယာချမ်းမြေ့ပါစေနော်
မိုး

ဇော် said...

အိပ်မက်နဲ့ဆောက်တဲ့အိမ်လဲ လေထုက ခွင့်မပြုခဲ့ပြန်ဘူးတဲ့ ..
ကျနော်လဲ အဲ့လိုပဲ ခံစားခဲ့ရဖူးတယ်..

သဒ္ဓါလှိုင်း said...

ကဗျာလေးကတော့အမြဲကောင်းနေတာပဲနော်..။
နောက်ဆုံးအပိုဒ်လေးကိုကြိုက်တယ်..။


ခင်တဲ့
သဒ္ဓါ

Cameron said...

ကျွန်တော့ ရပ်ဝန်းမှာ
နောက်ဆုံးတော့ ...
မျက်ရည်ငွေ့တွေတောင် မြစ်ဖျားခံကုန်ကြပြီလေ ...။

မောင်တူးရေ...ရင်နဲ့ရင်းခံစားဖတ်သွားတယ်...
ဒီတစ်ခါကဗျာလေးကို ဖတ်ပြီးစိတ်ထဲသနားသွားသလိုလို ဘယ်လိုလေးလဲမသိဘူး ခံစားရတယ်...မောင်တူးလက်ရာက်တော့ အံ့မခန်းအမြဲကောင်းနေတာပါပဲ... ဒီကဗျာက မနေ့ညကမှကောက်ရေးလိုက်တာလား...။

ခင်မင်စွာဖြင့်
မိုးငွေ့

အနှိုင်းမဲ့ said...

ဘာတွေဖြစ်နေပြန်ပြီတုန်း...

အင်ကြင်းသန့် said...

ကဗျာတွေကောင်းတာကတော့ အထူးပြောစရာမလိုတော့ပါဘူး။

ဟုတ်ပ....ဘာတွေဖြစ်နေပြန်ပြီလဲ။ ကိုတူးမှာပျော်တဲ့အချိန်ဆိုတာရော ရှိသေးရဲ့လား????

အရုပ်ကလေး said...

မထင်ထားခဲ့ဘူး ....
မျက်ရည်ငွေ့တွေတောင် မြစ်ဖျားခံကုန်တာ..
ဟောသည့် နှလုံးသား ရပ်ဝန်းနေရာမှန်မှာပေါ့ ...။

ခင်ခင်မင်မင်
idulize(အရုပ်ကလေး )

နွေဆူးလင်္ကာ said...

နှလုံးလမ်းကြောင်း ပြတ်နေရင် တံတားသာ ထိုးလိုက်တော့ဗျို့။

ကိုဇော် said...

သြော်. . .
ဒါ. . .

နေရာမှန်............တဲ့လား။

က ဗျာ ဆ ရာ ရယ်. . .

မြစ်ကျိုးအင်း said...

မျက်ရည်ငွေ့တွေ မြစ်ဖျားခံတာ အတော်ကြာပြီထင်တယ်..
အမြန်ဆုံး အဆင်ပြေပါစေညီရေ..
ကဗျာလေးက စားလုံးတွေ လှတယ်..

Anonymous said...

စာသားတွေကတော့ လန်ထွက်နေတာပါဘဲ..
တော်တော်ခံစားသွားရပုံရတယ်။။။
အမြဲတမ်းလည်း ခံစားမနေပါနဲ့
ပျော်ပျော်ပါးပါးလည်း နေပါဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

နံမည်မပါသွားလို့ ပြန်မန့်လိုက်တယ်..
ပျော်ရွှင်အဆင်ပြေပါစေနော်..

blackroze said...

မျှော်လင့်ထားတဲ့ လမ်း
ဘယ်မှာမှန်းလဲ မသိ ...

တနေ့မှာတော့...အေးချမ်းဖြောင့်ဖြူးတဲ့
လမ်းလေးကိုတွေ့မှာပါ..ကိုညရယ်..

သော်ဇင်စိုး said...

လေထုထဲက အိမ်လေးက တိမ်လေးတွေထဲ ညှိတွယ်နေခဲ့ရင်တောင် အကောင်းသားဗျာ.. ခုတော့ ဘာမှမရှိတော့ဘူးပေါ့.. နေရာမှန်ပေါ့.. တရားနဲ့ဖြေနေတာလား.. အကိုရေ..

သုခုမလေဒီ said...

ကဗျာလေးဖတ်ရင်း စိတ်မကောင်းဖြစ်မိသလိုပဲ။
နှလုံးလမ်းကြောင်းလေးပြန်ဆက်နိုင်ပါစေလို့..။

မိုးစက်အိမ် said...

ဒီလိုနဲ့ ...
အားငယ်စွာ စိုးထိတ်မှုတွေကလည်း
ရာထောင်ချီခဲ့ပြီ ...။
ရင်ထဲက တီးတိုးရွတ်ဆိုခဲ့တဲ့
နာမည်တစုံကလည်း တိမ်ဝင်သွားခဲ့ပြီ ...။

သိပ်လှတဲ့ရေးချက်လေးပေါ့ဗျာ မျက်ရည်တွေ
ငွေ့ ရည်ဖွဲ့ မနေပါနဲ့ တော့ဗျာ တစ်နေရာရာ
ကိုသာရွာချလိုက်ပါတော့ :D