Thursday, July 15, 2010

“ ကဗျာ ငိုတဲ့ ည”



၁၅.၀၆.၂၀၁၀
အမှတ်တရ နေ့လေးဖြစ်ခဲ့တယ်
တရက်ထဲ တချိန်ထဲမှာ လူ(၂)ယောက်
အသဲကွဲခဲ့တယ် ...။

အသဲကွဲတဲ့နေ့မှာပဲ
အလွမ်းတွေက ယို ဖိတ် သေ ဆုံး
နှလုံးသားတွေရဲ့ လောင်မြိုက် မှု က
ယုံတမ်းပုံပြင်လို လွင့်ပါးသွားရ ...။

ဒီလိုပါပဲ ...
အတိတ်မဲ့တဲ့ ညတွေမှာ
အနာဂတ်တွေက
သက်ပြင်းငွေ့ငွေ့လေး ပင့်သက်ချ ...

အဲဒီညမှာပဲ
အတိတ်..အနာဂတ်..ပစ္စုပ္ပန်က တသားတည်း ...

ဖမ်းဆုပ်မရတဲ့ အလွမ်းတွေက
တစစီခြွေချ ...
နှလုံးသားလှလှတွေ ကြွေလွင့်သွားချိန်
နေရာတွေ အသက်မဲ့သွားတယ်
အဲဒီညလေး တညမှာပါပဲ ...

ရင်ခုန်သံတွေ ထပ်တူကျ
အော်မြည်သံတွေ တဝုန်းဝုန်းနဲ့
နှလုံးသားကမ်းတွေ
တအိအိနဲ့ပြိုဆင်းသွားတယ် ....

ရွှေရောင်အငွေ့တွေလွင့်ပျံ
ရီဝေအတွေးတွေကြားမှာ
ကဗျာတပုဒ်အရည်ပျော်သွားတယ်

အဲဒီညလေးမှာပဲ
ခံစားချက်အတိတ်ကိုခဝါချ
ရှေ့ဆက်ရမယ့်အနာဂတ်
မနက်ဖြန်တွေမှာ
ရင်ခုန်သံ အသစ်..အသစ်တွေကိုရင်မှာပိုက်လို့
ရင်ခုန်သံ ထပ်တူကျတဲ့
ငါတို့ အသဲကွဲသမားတွေရဲ့
ရင်ခုန်သံ အသစ်ညတွေအတွက် ...

လွင့်ပါးသွားရတဲ့ ဖြစ်စဉ်တွေ
သေခြာနေတဲ့ မရေရာမှုတွေကြား
မှန်ပြောင်း(အဝေးကြည့်)တခုလို
အနီးလား...အဝေးလား
သေခြာတဲ့သရုပ်က
ငါ့အမြင်တွေဝေဝါးစေတယ်

အဲဒီသမိုင်းမှာပဲ
ငါဟာ....
ကောက်ကြောင်းဖြစ်ခဲ့ရ...

ဒီနေ့ဟာပြဿဒါး
သရုပ်ပြမှု အလွဲတွေထဲ
အသဲကွဲသူတွေကြောင့်
ဘေးလူတွေနှလုံးအိမ်မှာ
ဆွံ့အ အက်ကွဲသံတွေနဲ့
ဖြေသိမ့်စရာကဗျာဟာ
အဆုံးသတ်တွေမဲ့လို့....

အဆုံးသတ်တွေ မလှတဲ့ည
တယောက်နှလုံးသား တယောက်နှစ်သိမ့်လို့
ရှောင်မရ တိမ်းမရနဲ့
ဒီညွှတ်ကွင်းထဲပြိုဆင်း
တဝဲလည်လည်နဲ့ပြန်ရောက်ခဲ့တယ် ...

အဲဒီရာစုလေးမှာပဲ
နှလုံးသားဗဟိုပြုတဲ့ ညခင်းလေး
မောင်နှမတွေ စုံကာစုတဲ့
ဟောသည်ည ရင်ခုန်သံ
သံစဉ်တွေက မတိမ်းမယိမ်း
သိုသိုသိပ်သိပ်ပါပဲ ...

လွင့်ပါးခဲ့ရတဲ့ဖြစ်စဉ်တွေက
“အနှိုင်းမဲ့”....
ငါ .... တခွက်သောက်ချလိုက်တယ်
ရီဝေယစ်မူးတဲ့ ယမကာအမူးမှာပဲ
တို့တတွေ...အားလုံးချစ်ကြတဲ့
အဲဒီ.....
၁၅.၀၆.၂၀၁၀ ... ည ။
~~~~ @@@@ ~~~~

ကဗျာရေးသားသူ --- အဖြူရောင်နတ်သမီးအရုပ်ကလေးညလင်းအိမ်မိုးငွေ့အနှိုင်းမဲ့ 



အမှတ်တရနေ့လေး တစ်နေ့အတွက် ... အဲဒီနေ့က မရည်ရွယ်ပါပဲ ခုလို ချီးယားစ် လုပ်ဖြစ်ခဲ့ကြတယ် ... :P

18 comment[s]:

noblemoe said...

15 ရက်နေ့ မှာ ၁၅ ရက်နေ့မှတ်တရကဗျာလေးလာဖတ်ပါ၏။
ကဗျာတွေဘယ်ချိန်ရေးရေးကောင်းနေတာပဲနော် ပါရမီရှင်ပါပဲ။
သာယာချမ်းမြေ့ပါစေနော်
မိုး

နေ၀သန် said...

ကိုတူး... ရက်စွဲက သိပ်မကြာသေးဘူးပဲ.... အသည်းကွဲတာက တစ်လပဲရှိသေးတယ်... အလွမ်းတွေရေးထားတာဖြင့် ကြာလှပေါ့... ဘယ်လိုဖြစ်တာတုန်း.... အခုကဗျာက အားလုံးပေါင်းရေးထားတယ်ဆိုတော့ အတိုင်းထက်အလွန်ကောင်းနေပါ့ဗျာ...း))))


ခင်မင်တဲ့
နေ၀သန်

လင်းခေတ်ဒီနို said...

အားလုံးကောင်းကြတယ်း)

ခိုင်နုငယ် said...

ဟုတ်ပ...ကဗျာပေါင်းစုလေး
ကကောင်း၏...
း))))

အဖြူရောင်နတ်သမီး said...

တွေ့ခဲ့ကြတဲ့ အဲဒီနေ့...
ရေးခဲ့ကြတဲ့ အဲဒီနေ့...
သောက်ခဲ့ကြတဲ့ အဲဒီနေ့...
မျှဝေခံစားခဲ့ကြတဲ့ အဲဒီနေ့...
၁၅.၀၆.၂၀၁၀ ဆိုတဲ့ အဲဒီနေ့...
ဘလော့မှာ အမှတ်တမဲ့ ဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေ
အပြင်မှာ ဆုံခဲ့ရတဲ့ အဲဒီနေ့ဟာ..
“ကဗျာငိုတဲ့..ည”အဖြစ် ...
ငါတို့ရဲ့ရင်ထဲမှာ ထာဝရ အမှတ်တရ ရှိနေမှာပါ.....။

Cameron said...

ဖမ်းဆုပ်မရတဲ့ အလွမ်းတွေက
တစစီခြွေချ ...
နှလုံးသားလှလှတွေ ကြွေလွင့်သွားချိန်
နေရာတွေ အသက်မဲ့သွားတယ်
အဲဒီညလေး တညမှာပါပဲ ...

အဲဒီအပိုဒ်လေး အမိုက်ဆုံးပဲ...။

ခင်မင်စွာဖြင့်
မိုးငွေ့

may16 said...

ကဗျာလာဖတ်ပါတယ် ကိုညလင်းအိမ်.

ရေသန့်  said...

ချီးဟားစ်စ်စ်စ်

မြတ်မွန် said...

မိုက်တယ်
ပျော်စရာကြီးပါပဲ..။

zue said...

ပျော်စရာကြီး...း)

အရုပ်ကလေး said...

ကဗျာတွေနဲ့ မယဉ်ပါးသရွေ့တော့
ကဗျာကို ကျစ်မြီးကျစ်ရတဲ့ အလုပ်ကို ဆက်လုပ် ..
တစ်ချောင်းချင်း ...
တစ်ရစ်ချင်း...
ထပ်တိုးရစ်ချည်မိတာ အဲဒီညပေါ့ ...
ကဗျာက ပုံ့ပုံလေးလေးကြွင်းကျန်ရင်း
အမှတ်တမဲ့ ကြိုးစလေးငါးချောင်း....
င့ါတစ်ကိုယ်လုံး ရစ်ပတ်နှောင်ဖွဲ့သွားစေတာ ...။

ခင်ခင်မင်မင်
idulize(အရုပ်ကလေး )

Ree Noe Mann said...

ပျော်စရာကြီးနော် မောင်နှမတွေ့ရတာ

အနှိုင်းမဲ့ said...

အဲဒီနေ့ကို သတိရလို့ ကဗျာလေးကိုအလွမ်းပြေ လာဖတ်တာ...။ :(

ဏီလင်းညို said...

ကိုတူးရေ......
အစ်ကိုလည်း...မူးမူးနဲ့ လာဖတ်သွားတယ်ဗျာ...။
(အိပ်မရလို့လေ.......)
ပျော်စရာလေး......။

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

အင်ကြင်းသန့် said...

ပျော်စရာကြီးနေမှာပဲနော် အားကျလိုက်တာ....။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပါရမီရှင်တွေမို့ထင်တယ်
ကဗျာလေးက လွှတ်ကောင်း
ခံစားလို့ရတယ်.. တကယ်

မြစ်ကျိုးအင်း said...

မသောက်ခင် ရေးတာလား သောက်ပြီးမှလား
ပြန်လာရင် ချီးယားစ် လုပ်မယ်ဗျာ
အားကျမခံ

ဇော် said...

မိန်းကလေးက ဘီယာသောက်တယ် ?????????
:?
:/
@-@