Sunday, July 4, 2010

“နောက်ဆုံး”

နွေရွက်အ၀ါတွေ
ရင်ဘတ်အပြာပေါ်မှာ
တရွက်ပြီး တရွက်ကြွေ
မေ့မရတဲ့ ရက်တွေနဲ့ စိတ်တွေထွေ ...။

မိုးရွက် စိမ်းစိမ်းတွေ
နှလုံးအိမ် နီနီမှာ
တစက်ပြီး တစက်ဝေ
အိပ်မရတဲ့ ညတွေနဲ့ အလွမ်းတွေစွေ ...။

ဆောင်းရွက် ဖြူဖြူတွေ
လက်ဖ၀ါး ထူထူမှာ
တချပ်ပြီး တချပ်နေ
မှန်းဆမရတဲ့ အချစ်တွေနဲ့ ဘ၀တွေသေ ...။

ယူ ... ရေ ဘယ်မှာတုန်း
ကူညီကယ်ပါဦး
ဖူးစာရေးနတ်ကလည်း
သုံးဥတု အဆက်ဆက်မှာ
စာရင်းက ဖျက်ဖျက်သွားတော့
မတတ်မသာနဲ့
ငှက်ပျောတုံး တတုံးနဲ့ပဲ
နောက်ဆုံး ဖက်ကာ လုံးရတော့မယ်လေ ...။း(

ညလင်းအိမ် (၃.၇.၁၀)

စိတ်တွေညစ်နေလို့ အပျော်လေးတင်လိုက်တာပါ ..း))

25 comment[s]:

Anonymous said...

မိုးရွက် စိမ်းစိမ်းတွေ
နှလုံးအိမ် နီနီမှာ
တစက်ပြီး တစက်ဝေ
အိပ်မရတဲ့ ညတွေနဲ့ အလွမ်းတွေစွေ ...။


:)
ဗညား

အင်ကြင်းသန့် said...

သြော်....ဖက်စရာ ငှက်ပျောတုံး ရှိနေသေးတာကိုက ကံကောင်းသေးတာပါလားလို့ အကောင်းဘက်က လှည့်တွေးလိုက်ပေါ့ ကိုတူးရယ် (မကျေနပ်ရင် တစ်တုံးမကဘူး သုံးလေးတုံးကိုသာ ဖက်ပစ်လိုက်....)

စိတ်ညစ်နေတယ်ဆိုလို့ စသွားတာပါ။

ကိုဇော် said...

ငှက်ပျော်တုန်းဆိုရင်တော့. .
တစ်တုံး ပိုရှာပေးထားပါ :P :P :P

ရေသန့်  said...

ငှက်ပျောသီးတော့ ဈေးကြီးတော့ မယ်

Maung Myo said...

ငှက်ပျောတုန်းဖတ်မယ့် သူ အချင်းချင်း အဖော်ရပြီး

အိအိချောကလျာ said...

လာဖတ်သွားပါတယ်ရှင် စာဖတ်ရင်းနဲ့ တေးဂီတသံစဉ် လေးတွေကိုလည်း ခံစားသွားပါတယ်။

နေ၀သန် said...

ပျော်ရွှင်ကြည်နူးတဲ့အချိန်ကော ရှိသေးရဲ့လား......


ခင်မင်တဲ့
နေ၀သန်

Cameron said...

အော် ကိုတူး ကိုတူး မုန့်ဟင်းခါးချက်ဘို့ဝယ်ထားတဲ့ ငှက်ပျော်တုံးကိုသူယူသွားတာကိုး ဖက်ဖို့...။

ခင်မင်စွာဖြင့်
မိုးငွေ့

အနှိုင်းမဲ့ said...

သြော်...သူများတွေများ အပျော်တင်လိုက်တဲ့ကဗျာဆိုပါလား..

linn said...

ဟားဟား လို့ပဲ အော်ရယ်မိတော့မယ် ...
အပေါ်မှာ ဖတ်လာတာ အဟုတ် ...
အောက်ရောက်မှ ငှက်ပျောတုံးနဲ့ တွေ့တော့တယ် ...:)
အဲလောက်လဲ အားမငယ်ပါနဲ့ကွယ် ...
အချိန်တန်ရင် ................. လာပါလိမ့်မယ် ...
စကားပုံကြီးက မကောင်ဘူးလားလို့ ...

တော်ကြာ ..အစ်မရေ ..
မလင်းပြောသလို နွားပိန်ပဲ လာကန်တယ် ဆိုရင်တော့ " သေပြီဆရာ " လို့သာ အဲဒီအခါကျမှ ထအော်တော့ ....

စိတ်ညစ်ပြေစေချင်လို့ ပေါက်ကရတွေ လျှောက်ပြောသွားတယ် ...
ခင်မင်စွာဖြင့်
အစ်မလင်း

noblemoe said...

အကြင်နာကင်းမဲ့
စိတ်အားလဲငယ်
မြှားနတ်ရှင်ရယ်
ဘာများမှားနေလဲ
......................
လွဲလို့ နေဆဲကိုယ့်ဖူးစာရယ် (နေနေရဲ့ သီချင်းလေးဆိုသွားပါ၏)
ဒီဖူးစာရေနတ်ကလည်းနော် စလုံးမှာဥ ၃တုရှိတယ်ထင်နေလို့ အချိန်ဆွဲနေတာနေမှာ ၂ ဥတုပဲဆိုအကြောင်းကြားပေးလိုက်မယ်နော်... ပျော်အောင်စတာနော် .............
ဖူးစာမှန်ရင်မလွဲပါဖူး ပျော်ရွှင်ခြင်းတွေနဲ့အမြန်ဆုံနိုင်ပါစေ...
သာယာချမ်းမြေ့ပါစေနော်
မိုး

အရုပ်ကလေး said...

နောက်ဆုံးတဲ့လား ..
လုံးဝ စုန်းစုန်းမြုတ်တဲ့ ရက်တွေက ..
ငါ့အတွက် ကယ်သူမဲ့တမ်းချင်း
ကောင်ကင်ပြင်ကျယ်ကြီးကို မော့အကြည့်
လေလွင့်ငှက်တွေတောင် ငါ့ကို လှောင်ရယ်ပြုကြ...
ဒီလိုနဲ့ ....
ဆွေးလက်စ ခန္ဓာကိုယ်ကို အသာထားပြီး
အလွမ်းတောထဲ ငါတိုးလျှိုးပျောက်ကွယ် .....။

ခင်ခင်မင်မင်
idulize(အရုပ်ကလေး)

မောင်သီဟ said...

ဟိုက် အဲလောက်ကြီး မပွင့်လင်းနဲ့လေ
ဟိဟိ
ဘဝတူတွေ ကဲအခုကတည်းက ကျုပ်တို့ စာရင်းပေးထား
ကြမလားဗျ လူအိုရုံတွေမှား)း)

မြစ်ကျိုးအင်း said...

ငှက်ပျောပင် စိုက်စားရင် မဆိုးဘူးပဲး)

ခိုင်နုငယ် said...

နောက်ဆုံးမှာငှက်ပျော်တုန်းခေါင်းအုံးတော့မလို့လား
ကဗျာဆရာရေး)း)..
ခုမှရောက်ဖစ်တယ်။

အဖြူရောင်နတ်သမီး said...
This comment has been removed by the author.
အဖြူရောင်နတ်သမီး said...

အဟတ်...
ကဗျာထဲမှာ...ကိုတူးကလွမ်းပြတယ်...
ကဗျာလာဖတ်တဲ့ အကိုတော်များနဲ့ မောင်တော်များက “ငှက်ပျောတုံး”အကြောင်းပြပြီး ကျော်ငြာဝင်သွားတယ်.....။
လိုက်လည်းလိုက်တဲ့ ညီအကိုတွေ...


စာလာဖတ်တဲ့ ညီမတော်နဲ့ အမတော်တို့ရေ....
ဒီအတိုင်ပဲကြည့်နေတော့မှာလား..

သုခုမလေဒီ said...

ညစ်နဲ့လေ ငှက်ပျောတုံးက ရှာရခက်နေတာကိုး))
ကဗျာတွေလာဖတ်သွားတယ် ။ စီဗုံးအော်မရလို့ မန့်သွားကြောင်းပါ။

blackroze said...

ကိုညရာ..ငှက်ပျောတုံးတော့မလုပ်ပါနဲ့
ဖက်လုံးလေးဆိုတော်သေးတယ်..း)

သီချင်းလည်းနားထောင်သွားပါတယ်..
"နောက်ဘဝမှာမင်းနဲ့တို့ဆုံတွေ့ဖို့
မျှော်လင့်မယ်.."
တကယ်တော့လက်ရှိအချိန်မှာသာအကောင်းဆုံး
ဖြစ်အောင်နေတတ်ဖို့ဘဲလိုတာပါ..ကိုညရာ..

ahphyulay said...

ဟေ့  .... လောက မှာ လေ..
ငှက် ပျော တုံး က ဘေး အကင်း ဆုံးပဲ ၊

မေဓာဝီ said...

ဝါ စိမ်း နီပြာ အရောင်စုံခြယ်ထားတဲ့ ကဗျာလေး လှလိုက်တာလို့ ဖတ်နေရင်း နောက်ဆုံးတော့ ကဗျာဆရာက ငှက်ပျောတုံးစာ မိသွားပါလား။ :)

အဖြူရောင်နတ်သမီး said...

ဟားဟား..
ဒီကဗျာကျမှ...“ငှက်ပျောတုံး” တော်တော်နာမည်ကြီးသွားတယ်...
ကိုတူးရေ...ခုတ်ရာတခြား..ရှရာတခြားတော့ဖြစ်ပြီထင်တယ်..း(((

သဒ္ဓါလှိုင်း said...

အော်..ဘာတွေစိတ်ညစ်နေလဲဟေ့...။
မတွေ့တာတောင်အတော်ကြာပေါ့...။

ခင်တဲ့
မသဒ္ဓါ

မြတ်မွန် said...

အပျော်ကဗျာလေးလည်း ရေးတက်သား..
ဝမ်းနည်းစရာတွေပဲ မရေးပါနဲ့ဗျာ..ကိုညကလည်း..

ပန်းနုနှင်းဆီ said...

ငှက်ပျောတုံးကိုဘဲ အားကိုးတော့မဲ့သဘောပေါ့
ဒီလောက်တော့ အားမငယ်ပါနဲ့ အချိန်တွေရှိပါသေးတယ်နော်