Saturday, June 5, 2010

“မာယာနတ်သမီး”

နင်ဟာ နတ်သမီးလား
ငါ့ ရင်ခွင်ကို စီးပြီး မျှော်လင့်ချက်ကို ကြဲချတယ်
ပြီးတော့ ..............
ငါ့ နှလုံးသားကို အရောင်ဆိုးတယ်
ပြီးတော့ ..............
ငါ ... ရိတ်သိမ်းခံလိုက်ရတယ်
ငါ့မှာတော့ အလွမ်းငုတ်တိုတွေနဲ့ ထိုင်ငိုနေရပြန်တယ် ...။

နင် ခင်းကျင်းထားတဲ့ အစီအမံတွေထဲမှာမှ
ရူးနှမ်းစွာ ပါဝင်ပတ်သတ်ခဲ့မိတဲ့ ... ငါ
အသည်းတွေ တဖြုတ်ဖြုတ်နဲ့ ဆွဲနှုတ်ခံလိုက်ရပြန်တယ် ...။

နတ်သမီးရေ ...
နင့် ရာသီခွင်ထဲမှာ
ငါက ပြသဒါးဆိုရင်
တိတ်ဆိတ်စွာနဲ့ ပျောက်ကွယ်ပေးပါ့မယ် ...။

ငါဟာ နင့်ရဲ့ မြူမှုန်တမှုန်တောင်
ဖမ်းဆုပ်ခွင့် မရခဲ့တဲ့ အကောင်
ခွေးတစ်ကောင်လို အမောင်းခံလိုက်ရတဲ့ နောက်တော့
ငါဟာ သေဖို့ ရက်စေ့သွားပြီပေါ့ ...။

နတ်သမီးရေ နင့်မာယာကို နင်ရုတ်
ခေါ်ထုတ်သွားပါတော့
မာနမရှိတဲ့ ငါ
ဘာမှမရှိတဲ့ နေရာမှာပဲ
ထာဝရ ဖြစ်မယ့် အချစ်တွေနဲ့
ငါ့ သေတွင်း ငါတူး ... ရူးနေရအုန်းမှာပေါ့ ...။

ညလင်းအိမ် (၅.၆.၁၀)

ချစ်သူဖြစ်ရက်နဲ့ အချစ်မခံရတဲ့ ဘ၀မှ အားလုံးဝေးကြပါစေဗျာ ...။

18 comment[s]:

Maung Myo said...

ဒီကဗျာက ခံစားရတဲ့ အချစ်ကဗျာဆိုတာ သိသိကြီးနဲ့

အလွမ်းငုတ်တိုတွေနဲ့ ထိုင်ငိုနေရပြန်တယ် ...။


အဲ့နေရာရောက်တယ် လူကအလိုလို ပြုံးမိသွားတယ် အဖြစ်ချင်တူနေလို့လားမသိး)

ချစ်သူဖြစ်ရက်နဲ့ အချစ်မခံရတဲ့ ဘ၀မှ အားလုံးဝေးကြပါစေဗျာ . ဒီဆုတောင်းက ကိုယ့်အတွက်မပြည့်ပေမယ့် သူများတွေ တောင်းဆုပြည့်ကြပါစေလို့ ၀ိုင်းဆုတောင်းပေးသွားပါတယ်ဗျာ .

ညီညီထွေး said...

အစ်ကို့ကဗျာလေးတွေ မဖတ်ရတာတောင်ကြာပြီ။ အောက်ဆုံးက စာကြောင်းလေး နင့်တယ်ဗျာ။ ချစ်သူဖြစ်ရက်နဲ့ အချစ်မခံရတဲ့ဘ၀မှ အားလုံးဝေးကြပါစေ ဆိုတာ...။း(... စိတ်မကောင်းပါဘူး ကိုတူးရေ....

ခင်မင်တဲ့
ညီညီထွေး

ဆောင်းနှင်းရွက် said...

ချစ်သူ ဖြစ်ရက်နဲ့ အချစ်မခံရတဲ့ ဘ၀ ...

ဒါဆို အစကတည်းက
သူက ဘာလို့ ချစ်တယ် လို့ ပြန်ပြောခဲ့တာလဲ တိဘူးးး ....
ရက်စက် ပါ့ ... :(

Unknown said...

ဟုတ်ပနော်...ချစ်သူဖြစ်ရက်နဲ့ အချစ်မခံရတာ..
ခံစားပေးသွားပါတယ်..ကဗျာလေးကောင်းတယ်.။

blackroze said...

ချစ်သူဖြစ်ရက်နဲ့..အချစ်မခံရတဲ့ဘဝ

အဲဒီစာလေးကို..ကြိုက်တယ်..

တချို့ကလဲပြောကြတယ်..

အချစ်ဆိုတာကိုယ်ကချစ်နေဖို့ဘဲလိုတယ်တဲ့

ကဲ...ကိုညရေ...အမြန်ဆုံးအချစ်ခံရပါစေနော်..

Flower said...

ချစ်သူဖြစ်ပါရက်နဲ့တောင် အချစ်မခံရတဲ့ ဘ၀က ဆိုးလွန်းလှတယ်နော်..
အကြောင်းကြောင်းတွေကြောင့်များလား မောင်လေးရေ..
ဘာဘဲဖြစ်ဖြစ် သိပ်ချစ်တဲ့ သူနဲ့ ဆုံဆည်းပါစေလို့
ဆုတောင်းပေးသွားပါတယ်နော်

လင်းခေတ်ဒီနို said...

နတ်သမီးရေ နင့်မာယာကို နင်ရုတ်
ခေါ်ထုတ်သွားပါတော့
မာနမရှိတဲ့ ငါ
ဘာမှမရှိတဲ့ နေရာမှာပဲ
ထာဝရ ဖြစ်မယ့် အချစ်တွေနဲ့
ငါ့ သေတွင်း ငါတူး ... ရူးနေရအုန်းမှာပေါ့ ...။

အာပါးပါး ရေးချက်က လန်ထွတ်နေတာပဲ ခံစားချက်တွေ ထုနဲ့ထည်နဲ့ ပါလား ဒါကြောင့်မို့လည်း ကဗျာတွေ ကြွေလောက်အောင်ကို ကောင်းနေတယ်ဗျာ . . .

ကိုတူး အဆင်ပြေပါစေ . . . .

ပန်းနုနှင်းဆီ said...

ကဗျာလေးကို လာရောက်ခံစားပါတယ်..
ချစ်သူတိုင်း ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကို ခံယူရရှိနိုင်ပါစေ..

မောင်သီဟ said...

း) ရင်ဘတ်မှန်တဲ့အကြောင်းထပ်မပြောတော့ဖူးး)

အင်ကြင်းသန့် said...

ကိုတူးရေ...ဘာပြောပေးရမှန်းကို မသိတော့ဘူး။ :((


အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးသွားတော့တယ်

မြတ်မွန် said...

တယ်ဆိုးတဲ့ ခံစားချက်ပါပဲ..ကိုည..

noblemoe said...

ကဗျာအားလုံးဖတ်ပြီး
အောက်ဆုံး ချစ်သူဖြစ်ရက်နဲ့ အချစ်မခံရတဲ့ဘဝမှ အားလုံးဝေးကြပါစေ စာကြောင်းကြောင့်စိတ်ထဲမကောင်းပါဖူး မောင်လေးရယ် မေတ္တာဆိုတာ ရောင်ပြန်တတ်ပါတယ်။
ကိုယ့်ဘက်က မေတ္တာစစ်တွေတွက် တနေ့ အဲဒီအကျိုးဆက်တွေ ခံစားနိုင်ပါစေရန်ဆုတောင်းပေးလိုက်ပါတယ်။ အချစ်တွေ အမြန်ပြန်ရရှိနိုင်ပါစေကွယ်။
သာယာချမ်းမြေ့ပါစေနော်
မိုး
ဇွဲတော့မလျှော့နဲ့နော် ကြိုးစားထား ခုရှိနေတဲ့ချိန်လေးမှာအကောင်းဆုံးကြိုးစားလိုက်ပါ။လွတ်လပ်နေတဲ့သူနှစ်ယောက်တွက် ကြိုးစားခွင့်ဆိုတာရှိသေးတယ်နော်မောင်လေး FIGHTING!!!!!!!!!!!!!!!!!!!!!!!!!!!!!

သဒ္ဓါလှိုင်း said...

ဟေ့..
အဲဒီလောက်တောင်ပဲလား....
အချစ်မခံရတဲ့ ဘ၀ကနေ ဝေးနိုင်သမျှဝေးပါစေ..လို့..

ခင်တဲ့
မသဒ္ဓါ

မြစ်ကျိုးအင်း said...

ပြန်ရောက်သွားတာတောင် အဆင်မပြေ သေးဘူးပေါ့။ ဒီလောက် ကဗျာရေးကောင်းတဲ့ သူရဲ့ အရေးအသားမှာ မမျောလွင့်ရင် သူ ခံစားချက် မဲ့ လို့ပဲ ဖြစ်မယ်။ အချိန်တခု ကျော်လွန်သွားပြီးရင် နေရတာ ပိုပြီး အဆင်ပြေသွားမှာတော့ ယုံကြည်ထားပါဗျာ။

အဖြူရောင်နတ်သမီး said...

ကိုတူးးးးးးးးးးးးး
လုပ်ပြန်ပြီလား...
မာလိုက်စမ်းဘာာာာာ...အသဲပြောပါတယ်...

လာအားပေးသွားပါသည်...(ထုံးစံအတိုင်း)
နောက်တခါ အသဲကွဲကဗျာတက်လာလို့ကတော့
Comment တော့မရဘူး...ကြိမ်လုံးပဲရမယ်....။

မိုးစက်အိမ် said...

ကိုည သိပ်မပျော့ ပါနဲ့ ဗျာ အစ်ကိုခံစားနေရတာ
သူသိရင်ကောင်းတာပေါ့ဗျာ မသိရင်တော့တကယ်
အစ်ကို့ အစားမကျေနပ်ဘူးဗျာ :=

အားထိုက် said...

တူတယ်ဗျာ...လက်ရှိကိုတူနေတာ...
အရမ်းလိုချင်မိတယ်...သူ့ဆီကနွေးထွေးမှုတွေကို....
ကျနော်ပဲလောဘကြီးနေလား...သူကပဲအိနြေ္ဒကြီးတာလားမသိတော့ဘူး...
ဘာပဲဖြစ်ဖြစ်ကြိုက်လွန်းလို့...သူ့ဆီကိုပို့လိုက်ပါတယ်..
ခွင့်ပြုပေးပါနော်...

flowerpoem said...

ချစ်သူနဲ့ ကင်းဝေးခြင်းမှ အားလုံး လွတ်ကင်းပါစေ . . . .