Thursday, May 27, 2010

“အမှားတွေနဲ့ ဓား”

ငါလေ ...
အမှတ်မရှိခဲ့ပါဘူး
တချက်ထိတောင် ရှတဲ့ ဓားကိုမှ သွေးနေမိတယ် ...။

အဲဒီဓားသွားက ငါ့ နှလုံးကို မွှန်း
ဘ၀တွေ ပွန်းပွန်း လာတာတောင်
ပေးဆပ်ရခြင်းကိုက
နှလုံးသားတွေ ထပ်ကြွေ
ဘ၀တွေ ထပ်သေရတယ် ...။

တကယ်ဆို
သွေးနေတဲ့ ဓားကပဲ ထက်ထက်လာတာလား
သွေးနေတဲ့ လက်ကပဲ ပျက်ပျက်လာတာလား
အမှတ်တရား မရှိတာတော့ မဟုတ်ဘူး
အမှတ်မှားမိတာ ဖြစ်ချင်ဖြစ်မယ်
အဲဒီဓားကိုတော့ သွေးနေမိအုန်းမှာ သေချာတယ် ...။

ဒါနဲ့တောင် ...
SORRY ပါဆိုတဲ့ စကားလုံး ရောက်ရောက်လာတိုင်း
ငါလေ ... ပထမတွေထဲက ဒုတိယ ဖြစ်သွားရလေတော့
ရင်ဘတ်ကိုအုပ် ကိုယ့်ကိုကိုယ်ပဲ ရန်လုပ်ရတော့မယ် ...။

ငါ ခုတ်လိုက်ရင် ရမယ့် အစား
သွေးပြီးတော့ပဲ သိမ်းထုတ်လိုက်ပါတော့မယ်
တချိန် အဲဒီဓားအိမ်အဖုံးမှာ
အချစ်တွေ ရှုံးနေတဲ့ ဓားသွားထက်ထက်နဲ့
ငါ့ အချစ်တ၀က်ကို နင်တွေ့ရစေမယ် ...။

ညလင်းအိမ် (၂၇.၅.၁၀)

16 comment[s]:

သဒ္ဓါလှိုင်း said...

ဓါးအိမ်အဖုံးမှာရှိနေတဲ့အချစ်တွေကို တွေ့နိုင်ပါစေလို့...။
နှလုံးသားတွေလည်း ထပ်မကြွေဖို့ ဆုတောင်းပါတယ်..။

ခင်တဲ့
မသဒ္ဓါ

မြတ်မွန် said...

ဒါးတွေသွေးတယ်..
ကက်ကြီးတွေ သွေးတယ်..
ကိုည နေကောင်းလားဗျို့..

လင်းကြယ်စင် said...

မောင်လေးရေ ..
အားလို့ လာလည်တော့ ပြန်သွားပြီပေါ့ ...
အဲဒါကြောင့် ဒီရက်ထဲ မတွေ့နေတာကိုး ...
ဘယ်မှာပဲ နေနေ ဘာတွေပဲ လုပ်လုပ် စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ရရှိ ပိုင်ဆိုင်နိုင်ပါစေ ...
ခင်မင်စွာဖြင့် ...
အစ်မလင်း ...
* စာအကြွေးတွေ ဖြည်းဖြည်းခြင်း ဆပ်သွားမယ်နော ...*

အနှိုင်းမဲ့ said...

ခုတ်ကုန်ပြီဟေ့..ညလင်းအိမ်တော့ :P
ဟင်..မခုတ်တော့ပြန်ဘူးတဲ့..
သိမ်းထားမယ်တဲ့....

ဒီတစ်ကြောင်းကိုနားမလည်လို့ပြောပြပါလား..
ဓားအိမ်အဖုံးမှာ...အချစ်တွေ ရှုံးနေတဲ့ ဓားသွားထက်ထက်နဲ့....
ဆိုတာ ဘာကိုပြောတာလဲဟင်.. :|

noblemoe said...

သွေးနေတော့  အနည်းဆုံး တော့ မတုံးတော့ဖူးပေါ့လေ။
ကံကောင်းပါစေရန်တောင်းဆုပြုပါတယ်။
သာယာချမ်းမြေ့ပါစေနော်
်မိုး

noblemoe said...

သွေးနေတော့  အနည်းဆုံး တော့ မတုံးတော့ဖူးပေါ့လေ။
ကံကောင်းပါစေရန်တောင်းဆုပြုပါတယ်။
သာယာချမ်းမြေ့ပါစေနော်
်မိုး

Flower said...

တော်ပါသေးရဲ့
သွေးပြီးမှ ပြန်သိမ်းထုတ်လိုက်လို့
မဟုတ်ရင်ဒီလောက်ထက်အောင်သွေးနေတာ
ဘာလုပ်ဖို့ပါလိမ့်လို့ စဉ်းစားနေမိတာ
မခုတ်တာတော်သေး...

အဆင်ပြေပါစေ မောင်လေးရေ.. ကဗျာလေးကို ခံစားသွားပါတယ်..

အင်ကြင်းသန့် said...

ဘုရား ဘုရား...ဒီကဗျာဆရာကတော့ ဓါးတွေ ဘာတွေတောင် သွေးကုန်ပြီ...အပြော အဆို ဆင်ခြင်မှ ... တော်ကြာ စိတ်မထင်ရင် ဘေးက လူတွေ လိုက်ခုတ်နေရင် မလွယ်ဘူး :)))

အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေ ကိုတူး...

Cameron said...

ဟွန်း...သူတို့တွေက လိုင်းကောင်းတော့ ကွန်မန့်ကို ဦးဦးပေးသွားနိုင်ကြတယ်....။ ညလင်းအိမ် ဒီကဗျာကိုစတင်လိုက်တဲ့ အချိန်ကိုသိလျက်နဲ့...။ဒီတစ်ခါတွေ့ရင် ဓါးသွေးကျောက်ပေးမယ် ပြီးရင် ခုတ်သာပစ်လိုက်...။
(အားပေးသွားတာ အဲဒီလို)

ခင်မင်စွာဖြင့်
မိုးငွေ့

သိင်္ဂါကျော် said...

ဓါးကို မရှအောင် သတိထားသွေးလေ.. :P

Maung Myo said...

SORRY ပါဆိုတဲ့ စကားလုံး ရောက်ရောက်လာတိုင်း
ငါလေ ... ပထမတွေထဲက ဒုတိယ ဖြစ်သွားရ

ခံစားလို့ရတယ် အဲ့လိုတော့မဖြစ်ဖူးဘူးထင်ရတာပါပဲ အချစ်ကကော ဓားနဲ့ တူတယ်ပေါ့ သူကလည်း ရှတတ်တာပဲနော့် ။

ခိုင်နုငယ် said...

ဓါးကိုမခုတ်ပဲ
သွေးပြီးသိမ်းထားမယ်ဆိုတာတော့မကောင်းဝူး
ဓါးဆိုတာ သွေးပြီးရင် ခုတ်မှပြတ်တာ...
အဲလေ..ခုတ်မှဓါးအသွားဘယ်လောက်ထက်တယ်ဆိုတာသိနိုင်မှာ....သွေးပြီးခုတ်သာခုတ်လိုက်တော့...
ကိုညရေ........

blackroze said...

နှလုံးသားကိုမွန်းသွားတဲ့ဓါးကို
သိမ်းထားလိုက်ပါတော့ကိုညရေ...
နှလုံးသားပျောက်သူတော့အဖြစ်မခံပါနဲ့...

ဏီလင်းညို said...

ကိုတူးရေ........

ကျုပ်ဆို......ပြတ်အောင်ကို..ခုတ်ပစ်မှာ......။
ဘာပဲဖြစ်ဖြစ်လေ.......ဟွမ်း.......
(သိပ်စိတ်ကြီးတာမင်းအစ်ကိုက......။ သိတယ်မှတ်လား....း))

ခင်မင်တဲ့
ဏီလင်းညို

နေမိုးဝေ said...

“တကယ်ဆို
သွေးနေတဲ့ ဓားကပဲ ထက်ထက်လာတာလား
သွေးနေတဲ့ လက်ကပဲ ပျက်ပျက်လာတာလား
အမှတ်တရား မရှိတာတော့ မဟုတ်ဘူး
အမှတ်မှားမိတာ ဖြစ်ချင်ဖြစ်မယ်
အဲဒီဓားကိုတော့ သွေးနေမိအုန်းမှာ သေချာတယ် ...။ ”
အဲဒီအပိုဒ် ကိုတော်တော် သဘောကျတယ်။

“ငါ ခုတ်လိုက်ရင် ရမယ့် အစား
သွေးပြီးတော့ပဲ သိမ်းထုတ်လိုက်ပါတော့မယ်
တချိန် အဲဒီဓားအိမ်အဖုံးမှာ
အချစ်တွေ ရှုံးနေတဲ့ ဓားသွားထက်ထက်နဲ့
ငါ့ အချစ်တ၀က်ကို နင်တွေ့ရစေမယ် ...။”
ဒါ ကျတော့ ကိုယ်တိုင် ခံစားခဲ့ဘူးလို့ ထပ်တူခံစားကြည့်လို့ရတယ်။

အဖြူရောင်နတ်သမီး said...

ဓား........တဲ့
တကယ်လည်းမခုတ်ရဲပဲနဲ့...
ရွယ်ရွယ်ပြီး...
သူပဲ ငိုငိုသွားတာ..မသိရင်ခက်မယ်..။
ဓားကိုင်ပြီး သွေးနေလို့မပြီးဘူး..
ခုတ်တတ်အောင်ကျင့်စမ်းးးးးးဘာာာာာာာာာာာာ...(ဟူးးး..မောဒယ်...ပြောရတာ)