ညတွေမှာ ...
မင်း ... နှိုးနှိုးသွားတဲ့ အိပ်မက်က
ရိုးရိုးလေးပါပဲ ...
ဆိုးဆိုး သွားတာက ငါ့ နှလုံးသား
မရိုးမသားနဲ့ ကိုးကားရရင်
တိုးတိုးသွားတဲ့ အရာတွေတိုင်းက
“အချစ်” ဆိုတဲ့ စိတ္တဇနာမ်တွေသာ ဖြစ်လာတယ် ...။
ညလင်းအိမ် (၂၃.၅.၁၀)
~~~ @@@@ ~~~~
အစမ်းတင်ကြည့်တာပါ။ အလဲ့ ... ကျော်လို့ ရသားပဲ။ ဒါပေမယ့် တကမ္ဘာကြာအောင် စောင့်ရတယ်း)
17 comment[s]:
ဟိုးဟိုး. . .ဆရာ . .
ဆက်ရေးရင် အသည်းတွေပါ
အိုင်ထွန်းကုန်မယ်။
သိပ်ကောင်းတဲ့ ကဗျာလေးပါပဲ၊ ကာရန်ညီပြီး အဓိပ္ပါယ်လည်းကောင်းပါတယ်။
ဟင် ...
ပြန် တောင် ရောက် သွား ပြီ လား .. ??
နှုတ် တောင် လာ ဆက် ဘူးးး ..
အဟင့် ...
အဟင့် ... !
ကျော်ပြီးခွပြီးတင်ထားတဲ့ကဗျာလေးကို
လာခံစားသွားတယ်နော်..
ဆက်ရေးပါ..အားပေးနေလျှက်ပါ...
အလဲ့...ရန်ကုန်ရောက်ရောက်ခြင်းတင်တဲ့ ကဗျာလေးက အတိတ်နိမိတ်ကောင်းလေးပဲ..။
လန်းလှချေးလား....။ တစ်ကမ္ဘာလောက်ကြာအောင်တင်လိုက်ရတဲ့ကဗျာ..ကိုတူးမျှော်လင့်ချက်တွေကတော့ တစ်ကမ္ဘာမဝေးလောက်တော့ပါဘူး...။
ခင်မင်စွာဖြင့်
မိုးငွေ့
ကဗျာလေးလည်းကောင်း
အခုလို ခက်ခဲပေမဲ့ ဆက်ရေးတာလည်းကောင်းပါ၏။
ဆက်လက်အားပေးလျှက်
သာယာချမ်းမြေ့ပါစေနော်
မိုး
ကဗျာတိုလေးပေမယ့် .. ကိုညကို ပြန်တွေ့ရလို့ ၀မ်းသာတယ်ဗျာ ..
ဘာပဲပြောပြော..
စကားလုံးတွေ .........
ကြိုက်တယ် ............
=)
မောင်လေးကပြန်ရောက်သွားပြီကိုး။။
ရောက်ရောက်ချင်းကဗျာလေးကလည်းဖတ်လို့
ကောင်းနေတာပဲနော်။ဆက်ရေးနော်။။
ကျန်းမာပျော်ရွှင်ပါစေ..
ခင်တဲ့
မသဒ္ဓါ
ဟုတ်ပ...အပေါ်မှာ မမိုးငွေ့ပြောသလိုပဲ...ကဗျာကတယ်လန်းပါလား...
နောင်ကိုလည်း ခံစားချက် အလန်းတွေနဲ့ ကဗျာအလန်းလေးတွေ ဖတ်ရတော့မယ်လို့ မျှော်လင့်ပါဂျောင်း....
ပြန်ချင်ရင်အနီးလေး..မှန်တယ်ဗျာ
ပြန်တောင်ရောက်သွားပြီးကိုး
ကဗျာလေးလာခံစားသွားပါတယ်။
မြန်မာပြည်မှာလား...
အဆင်ပြေတယ်ဟုတ်
ဘာဘဲဖြစ်ဖြစ် ဘလော့စာမျက်နှာပေါ်ပြန်မြင်ရတာ
ဝမ်းသာစရာပေါ့
အစစအဆင်ပြေပါစေနော်..
ကိုတူးရေ...........
နောက်ဆို မင်း...........သိုင်းဗျောင်းဗျန်တွေဘာတွေပါ.....တတ်လာလိမ့်မလားပဲ.........။
ကျော်ရ.........၊ ခွရလို့လေ...........ဟိဟိ.......း))
ခင်မင်တဲ့
ဏီလင်းညို
ကဗျာက ဆက်ရန်ရှိသေးတယ်ထင်တယ်၊ ခံစားသွားပါတယ်
ဘယ်မှာလဲ ဘယ်မှာလဲ တိုက်မလို့စောင့်နေတာလေ ပြောပြော
အချစ် ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ကျစ်ကျစ်လစ်လစ်နဲ့ ရေးထားတဲ့ ကဗျာကောင်းလေးပါပဲ။
အဟမ်း..ဂွတ်ထယ်..ကိုညရေ..
အားပေးနေမယ်နော်...
Post a Comment