Saturday, May 8, 2010

“ကောင် မ လေး ရေ ... ”

ကောင်မလေးရေ ...
ကောင်းကင်တွေပြိုတာတောင် မင်းက မနိုးခဲ့ဘူး ...
ငါ့မှာတော့ အိပ်မက်ကိုပဲ ဖက်တွယ်လို့လား
ဒီရက်တွေမှာ တချက်တလေတော့ အသက်သေတယ် ...။

ကောင်မလေးရေ ...
သင်ရိုးညွှန်းတမ်းတွေ မပြီးသေးတာတောင် မင်းက မရှိခဲ့ဘူး ...
ငါမှာတော့ ဗလာရင်တအုပ်နဲ့ စောင့်နေလို့လား
ဒီရက်တွေမှာ ဒဏ်ရာတရွက်ပြီး တရွက် ကြွေတယ် ...။

ကောင်မလေးရေ ...
ဒီလိုနဲ့ ...
ညတွေက ပြာသွားတယ် ...။
စကားတွေက ၀ါသွားတယ် ...။
ဘ၀တွေက နာသွားတယ် ...။
အချစ်တွေက ညာသွားတယ် ...။

ညလင်းအိမ် (၈.၅.၂၀၁၀)

17 comment[s]:

Cameron said...

ဟာ...ကောင်မလေးအတွက် ငါတစ်ဖြစ်သွားပြီကွ...။
သယ်ရင်းရေ....ကဗျာလေးတော့ ကောင်းတယ်ကွာ...
လောလောဆယ်...
ငါ့မျက်လုံးတွေပြာသွားတယ်...
ခေါင်းတွေချာချာလည်သွားတယ်....(နည်းနည်းများသွားလို့).....
ဘ၀တွေက ..ဟာတာတာကြီးရယ်....
အချစ်တွေကတော့.....ညာသွားခဲ့ကြာလှပေါ့....
မင်းကတော့.....ခုမှ.....ဒါတွေကို နာတယ်မှန်းသိတာပါ.............။


ခင်မင်စွာဖြင့်
မိုးငွေ့

ကိုဇော် said...

ဒီကဗျာလေး ဖတ်ပြီး. . .

ရင်ထဲမှာလေ. . .“ ဟာ ” သွားတယ်။

ညီညီ said...

ကိုည ရေ. မရောက်ဖြစ်တာလည်းကြာပြီဗျာ.။ ခံစားချက် ကဗျာကောင်းကောင်းလေး လာခံစားသွားတယ်.။
အရာအားလုံးဟာ ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်း ကျပါစေလို့ဆုတောင်းပေးပါတယ်ဗျာ.။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

မြစ်ကျိုးအင်း said...

ဒီကဗျာလေး လန်း တယ်
ရေးသူကတော့ လွမ်းနေမလား နွမ်းနေမလားဘဲ

အဖြူရောင်နတ်သမီး said...

ကဲ...ကောင်မလေးရေ...
ကောင်းကင်တွေလည်းပြိုကုန်ပြီ...
ညတွေလည်း ပြာကုန်ပြီ...
ဘဝတွေလည်း နာကုန်ပြီ...
ဒါတောင်မင်းကအိပ်နေတုန်းပဲလား...

နိုးလိုက်ပါတော့ ကောင်မလေးရေ...
မင်းမနိုးရင်တော့...ကဗျာလာဖတ်တဲ့
ငါတို့တတွေ ရူးဖို့ပဲကျန်တော့တယ်ကွယ်.....

အင်ကြင်းသန့် said...

နေပါဦး...ကဗျာကို အောက်ကနေ ဆက်ပြီးဖြည့်လိုက်ဦးမယ်...

ဒီလိုနဲ့ ...
ညတွေက ပြာသွားတယ် ...။
စကားတွေက ၀ါသွားတယ် ...။
ဘ၀တွေက နာသွားတယ် ...။
အချစ်တွေက ညာသွားတယ် ...။
ကဗျာဆရာကတော့ သွက်သွက်ခါသွားတယ် ...။
(ကောင်မလေးအတွက် ရူးသွားတာလေ)....

မဗေဒါ said...

အမယ်လေး ညလင်းအိမ် ရယ် ..

ကောင်းကင်ပြိုတာကို မနိုးတဲ့သူအကြောင်းများ

ဘာလို့ စဉ်းစားနေတာလဲ..။ တော်ကြာနေ ကောင်းကင်ကြီး ကကိုယ့်ကို ပြန်သနားနေဦးမယ်..။

မဗေဒါ

Anonymous said...

ကောင်မလေးရေ ...
ဒီလိုနဲ့ ...
ညတွေက ပြာသွားတယ် ...။
စကားတွေက ၀ါသွားတယ် ...။
ဘ၀တွေက နာသွားတယ် ...။
အချစ်တွေက ညာသွားတယ် ...။

ကိုတူး လက်ရာကြည့်ပီး ကျွန်တော် မျက်လုံးတောင် ပြာသွားတယ် . . . . ကောင်းလွန်းလို့ ဟိဟိ

ဗညား

မိုးခါး said...

ဗညားနဲ့ ငါ အကြိုက်ချင်းတူတယ် ..း)

မိုးစက်အိမ် said...

ဘ၀နာတာထက် အချစ်ညာတာက ဆိုးတယ်ဗျာ :(

Flower said...

ညတွေက ပြာသွားတယ် ...။
စကားတွေက ၀ါသွားတယ် ...။
ဘ၀တွေက နာသွားတယ် ...။
အချစ်တွေက ညာသွားတယ်
ဒီလိုဆိုလဲ ခါသာ ချလိုက်တော့ မောင်လေးရေ...
ဘာဖြစ်လို့ သာယာနေဦးမှာလဲ..
မီးဝေးချိတ်မာ လို့သဘောထားလိုက်ပါတော့နော်..


ပျော်ရွှင်ပါစေ

မောင်သီဟ said...

ကောင်မလေး မင်းတစ်ယောက်သာ ရင်တွေတုန်မတတ်
ချစ်ရပါတယ် ရှေးရှေးတုန်းကရေစက်ထင်တယ်
မြင်မြင်ချင်းမှာ ခဏတာလေးပဲ ကောင်မလေး မင်းတစ်ယောက်ကို .....

sosegado said...

ကဗျာလေး ဖတ်ပြီး ထပ်တူ ခံစားသွားပါတယ်၊

Blackroze said...

အချစ်တွေကညာသွားတယ်....

အချစ်ဆိုတဲ့အရာကဘာလို့ခံစားတတ်တဲ့သူတွေကိုမှ
ရွေးပြီးညာရတာလဲ...
ခုထက်ထိတော့အဖြေရှာလို့မရသေး.....

သက်အောင်(ကလောင်တိုက်ပွဲ) said...

ခံစားရတယ် အကိုရေ
ခံစားချက်တွေ တူနေပြီ

Anonymous said...

ကောင်မလေးရေ..နင်ရက်စက်တယ်ဟာ..
ငါတို့ကိုညကြီး ခံစားနေရပြီဟာ..:P
ခင်မင်လျှက်။
မြတ်မွန်

ပေါ့ဆိမ့် said...

မေ့တေ့တေ့ဖြစ်နေတဲ့ ကိုယ့်ရင်ဘက်အောက်က ကောင်မလေးတစ်ယောက်ကို ပြန်သတိရ သွားမိတယ်...။