Monday, April 26, 2010

“သက်မဲ့ ဈာပန”



ထားခဲ့ပြီလေ ...
နောက်ဆုံးရထားတောင် မမှီတော့ဘူး ...။
လိုက်ပါပို့ဆောင်သူမဲ့တဲ့ အချစ်ဈာပနက အသံတွေတိတ်
ဖျာတွေတောင် လိပ်သွားပြီ ...။
ကျောခိုင်းသွားကြတဲ့ အရာအားလုံးကလည်း
ဝမ်းနည်းပူဆွေးမှုလေးတောင် မဖော်ပြခဲ့ဘူး
ပျော်ရွှင်စွာ လှမ်းထွက်သွားကြပြီ ...။

ဘောင်ခတ်ထားတဲ့ အခေါင်းထဲက
နှလုံးသား အလောင်းကောင်ကတော့
တချက်တချက် ထထခုန်တယ် ...။
ဒင်းက အမှတ်မရှိတာလား ...။
အသေမဖြောင့်တာလား ...။

အဟတ် ... ထားလိုက်စမ်းပါ
ရက်စက်စွာနဲ့ ရေထွင်းခံခဲ့ရတဲ့
အတိတ်စာမျက်နှာတွေက ကျောက်ထပ်အက္ခရာ တင်ပေးလိမ့်မယ် ...။

တိတ်ဆိတ်စွာပဲ လှဲလှောင်းလိုက်ပါတော့ ...။
နှလုံးသားမှာ ရိုက်သွင်းခဲ့တဲ့ ကျိန်စာတွေ
တနေ့မှာ ပြေသွားမှာပါ ...။

ငိုသံသဲ့သဲ့လည်း မကြားရ ...
ကမ္မ၀ါဖတ်သံလည်း မကြားရ ...
ဆုတောင်းရွတ်ဖတ်သံလည်း မကြားရ ...
ဒီသင်္ချိုင်းကိုက တိတ်ဆိတ်လွန်းတာကြောင့်
အဝေးစေတီက ဆည်းလည်းခတ်သံ အကြားမှာ
နှလုံးသား ရှိုက်သံတ၀က်နဲ့ပဲ
အာရုံပြုဆုတောင်းပါရစေတော့ ...။

နောင်သံသရာ အဆက်ဆက်
အခက်အလက် မဝေလည်း
သက်စေ့နေရတဲ့ နှလုံးသားနဲ့
ဈာပနချပါရစေ ...။

ညလင်းအိမ် (၂၆.၀၄.၂၀၁၀)
~~~~ @@@@ ~~~~
ပုံလေးကို ဒီကနေ ယူပါသည်။
~~~~ @@@@ ~~~~

10 comment[s]:

ဒဏ္ဍာရီ said...

ပုံလေးကြည့်ပြီး သနားသွားတယ်။ ကဗျာလေး ဆက်ဖတ်တော့မှ နှလုံးသားနာရေးလေးကို ရေးထားတာ ကောင်းလိုက်တာ။ ကဗျာဆရာရဲ့ နှလုံးသားတော့ အဲလို မဖြစ်နဲ့နော်။ အားတင်းထား....း)

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

အနှိုင်းမဲ့ said...

မိုက်ချက်ကတော့ကန်းကုန်ပဲဆိုတာ..ညလင်းအိမ်ကို
ပြောတာထင်ပါရဲ့..ကဗျာရေးတဲ့ နေရာမှာပြောပါတယ်။
ကျန်တာကတော့အားလုံး လိမ္မာတယ်..။
(ထင်လားလို့ :P)
ဟီးဟီး စတာနော်..မတွေ့တာကြာလို့နောက်တာ

ကိုဇော် said...

ငါ့ကို စောင်းရေးတာလားကွ...လို့...
ရန်တွေ့ရတော့မှာပဲ...
သူ့ကြောင့်ပဲ ရှင်သန်ခဲ့ရပြီး...
သူ့ကြောင့်ပဲ ထပ်သေခဲ့ရတာပါပဲ..

Blackroze said...

အဝေးစေတီက ဆည်းလည်းခတ်သံ အကြားမှာ
နှလုံးသား ရှိုက်သံတ၀က်နဲ့ပဲ
အာရုံပြုဆုတောင်းပါရစေတော့ ...။


ဒီအပိုဒ်လေးကိုခံစားသွားရတယ်....

noblemoe said...

မောင်လေးရေးးးးးးးးးး
ရေးသမျှတွေလည်းကောင်းလွန်းတော့ကောင်းတဲ့ကြောင်းလေးထပ်မပြောတော့ပါဖူးကွယ်။

ထုးထူးဆန်ဆန်းစကားလုံးလေး သက်စေ့နေရတဲ့နှလုံးသား မှတ်သားသွားပါတယ။်

သာယာချမ်းမြေ့ပါစေနော်
မိုး

လင်းခေတ်ဒီနို said...

တိတ်ဆိတ်စွာပဲ လှဲလှောင်းလိုက်ပါတော့ ...။
နှလုံးသားမှာ ရိုက်သွင်းခဲ့တဲ့ ကျိန်စာတွေ
တနေ့မှာ ပြေသွားမှာပါ

that right . me too

အင်ကြင်းသန့် said...

တော်ပါပေတယ် ကိုတူးရယ်...ကြံကြံဖန်ဖန်တွေးတတ် ရေးတတ်လို့လေ (ကျန်တာတော့ ဘာမှ မပြောပေးတော့ပါဘူး...)

အစစအရာရာ အဆင်ပြေပါစေ
အင်ကြင်း

Cameron said...

သက်မဲ့ဈာပနဆိုပေမယ့် ဖတ်ရတာ အသက်ဝင်လွန်းလို့ ကြက်သီးတောင်ထမိတယ်..။

ခင်မင်စွာဖြင့်
မိုးငွေ့

ဆောင်းနှင်းရွက် said...

အားပေးသွားတယ် ဗျို့ ....

ဈာပနာ ချ ပေမယ့်
အလွမ်းတွေကတော့
မဆုံးသေးဘူးမလားးးး ...

မြတ်မွန် said...

အထီးကျန်ဆန်တဲ့ ဈာပန အခန်းအနားပါပဲ ..
ဂွတ်ရှယ်..ကိုညရေ..