Friday, April 16, 2010

“သွေးစွန်းတဲ့နေ့”

ကြယ်တွေစုံတဲ့ နေ့မှ
မရဏမင်းရဲ့ ခေါ်သံတွေထပ်နေတယ် ...။

လွတ်လပ်စွာ ကခုန်နေတာကို
တေးသွားက မလိုလားလို့လား ...

သွေးဆိပ်တက်နေတဲ့ လက်တွေက
နေမ၀င်လိုက်တဲ့ ညတွေဆီ ခေါ်ဆောင်သွားတော့
အိမ်ရာမဲ့ ၀ိညာဉ်တွေ
မကျေမနပ်နဲ့ ဆဲဆိုကြတော့မယ် ...။

အော် ...
ကောင်းကင်အစွန်းနားက
နှုတ်ခမ်းသားတွေ
ပဲ့ကြွေကုန်မှတော့
သွေးစွန်းတဲ့ အော်သံတွေလည်း
ရေထဲ ကျပျောက်လို့
ငေးသာကြည့်နေရတော့တယ် ...။

ရင်ထဲက “တောက်” တစ်ချက် ခေါက်မိတယ်
အဲဒီနေ့ကို ရာဇ၀င်ထဲ ထည့်သွင်းသူတွေကြောင့် ...
တိမ်ဖုံးသွားရတဲ့ ဘ၀တွေ
အပြစ်မဲ့တဲ့ နှလုံးသားပိုင်ရှင်တွေ
ဆုတောင်းရွတ်ဖတ်သံတွေနဲ့အတူ

ကောင်းကင်ဘုံတပါးမှာ ကောင်းမွန်ခံစားကြပါစေတော့ ...။

ညလင်းအိမ် (၁၆.၄.၂၀၁၀)

16 comment[s]:

what is good things said...

ဟုတ်တယ်၊ သွေးစွန်းတဲ့နေ့ရက်တစ်ရက်တော့ဖြစ်သွားပြီ။
ထိခိုက်သူတွေအတွက် ဆုတောင်းပေးရုံပဲပေါ့။

Blackroze said...

ဟုတ်ပါတယ်....စိတ်မကောင်းစရာပါ
ပျော်နေရာကနေငိုကြွေးစရာဖြစ်သွားတာ..
ဝမ်းနည်းဖို့ကောင်းပါတယ်..

kaungkinpyar said...

ဝမ်းနည်း စရာ..

ကိုဇော် said...

သွေးစွးန်သော ၁၅ ရက်နေ့ အတွက် အမှတ်တရလေးပေါ့ ညီရာ . .

~ဏီလင်းညို~ said...

ကိုတူးရေ.......
ခံစားမိတယ်.......
ခံစားသွားတယ်......။
မင်းလည်း အစစအရာရာအားလုံးနှစ်သစ်မှာ အဆင်ပြေပါစေလို့ အစ်ကိုဆုတောင်းပေးပါတယ်......။
ခင်မင်တဲ့
ဏီလင်းညို

လင်းခေတ်ဒီနို said...

ကောင်းကင်အစွန်းနားက
နှုတ်ခမ်းသားတွေ
ပဲ့ကြွေကုန်မှတော့
သွေးစွန်းတဲ့ အော်သံတွေလည်း
ရေထဲ ကျပျောက်လို့

း)
း)))
း)))))

ရေးချက်ကလန်းပါ့ဗျာ

ဧပရယ်လ်ပူး@ပူးတေ said...

တိမ်ဖုံးသွားရတဲ့ ဘ၀တွေ
အပြစ်မဲ့တဲ့ နှလုံးသားပိုင်ရှင်တွေ
ဆုတောင်းရွတ်ဖတ်သံတွေနဲ့အတူ
ကောင်းကင်ဘုံတပါးမှာ ကောင်းမွန်ခံစားကြပါစေတော့ ....

အစ်ကိုရေ...ထပ်တူ ခံစားသွားပါတယ်။

ဝိုင်းပြီးဆုတောင်းပေးရုံကလွဲလို့ ဘာမှနတတ်နိုင်တဲ့ ဘဝတွေပါပဲ....

အဖြူရောင်နတ်သမီး said...

ုမေ့ပျောက်လို့မရတော့တဲ့
အမှတ်တရနေ့လေးတစ်နေ့ပါပဲ....

2010.April 15 ရက်နေ့မှာ သွေးစွန်းခဲ့ကြတဲ့ ဝိဥာဉ်များကို ကောင်းရာသုဂတိရောက်အောင် ဆုတောင်ပေးလိုက်ကြရအောင်နော်....

ပျော်ရွှင်ကခုန်ရင်း ကွယ်လွန်သွားခဲ့ကြတဲ့ ဝိဥာဉ်လေးတွေ ...ဘယ်ဘဝရောက်ရောက် သူတို့ဆက်ပြီးကခုန်နေကြအုံးမှာပါ....သူတို့လေးတွေ ဆက်ပြီး ပျော်ရွှင်နေကြအုံးမှာပါ.....

မျိုးထက်အောင် said...

ဟုတ်ပါတယ်အစ်ကို
ကျွန်တော်လည်းခံစားမိပါတယ်

မြတ်မွန် said...

ထပ်တူ ထပ်မျှ ဝမ်းနည်းမိတယ် ကိုညရေ..

ဒဏ္ဍာရီ said...

April 15th ရက်ကတော့ အမှတ်တရ ၀မ်းနည်း ကြေကွဲစရာ နေ့ရက်တရက် အဖြစ် မြန်မာပြည်မှာ ကျန်နေရစ်တော့မှာပါ။ နှစ်သစ်ကို ကြိုဆိုရင်း ပျော်ရွှင်နေကြတဲ့ အပြစ်မဲ့တဲ့သူတွေရဲ့ အသက်တွေ အခုလို စတေးခံလိုက်ရတာ ရင်နင့်စရာပေါ့။
မိသားစုတွေနဲ့ ထပ်တူထပ်မျှ ပူဆွေးရပါတယ်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

sosegado said...

ထပ်တူ ထပ်မျှ ပါပဲ ပျော်ရွှင်အေးချမ်းမှုအပေါင်းနဲ့ပြည့်စုံတဲ့ နှစ်သစ်မင်္ဂလာဖြစ်ပါစေ

အင်ကြင်းသန့် said...

ကိုတူးရေ...
“တောက်” ခေါက်ဖို့တောင် မတန်တဲ့ လူတွေလေ... (တကယ်တော့ လူလို့တောင် မပြောချင်ပါဘူး...)

Cameron said...

ကိုတူးရေ...သွေးစွန်းသွားတဲ့ နှစ်သစ်ကဗျာလေးအတွက် စိတ်မကောင်းစွာ လာဖတ်သွားပါတယ်...။

ခင်မင်စွာဖြင့်
မိုးငွေ့

noblemoe said...

ရင်ထဲမှာစို့ နစ်အောင်ခံစားနေရပါတယ်။
မိုး

Flower said...

လူလို့မခေါ်ထိုက်တဲ့ လူတစ်စုအတွက်
တူညီသော ခံစားရမှုမျိုး အမြန်ဆုံး ပြန်လည်ရရှိပါစေလို့ ဆုတောင်းပေးလိုက်တယ်..
ကမ္ဘာမြေကြီးရဲ့ငြိမ်းချမ်းမှုကိုဖျက်ဆီးနေသူအားလုံး ကျဆုံးပါစေ...
ထပ်တူထပ်မျှ ဒေါသစိတ်တွေနဲ့ နာကျည်းစွာ ခံစားမိပါတယ်..