ဘ၀ ...
ရိုးရှင်းလိုက်တာများ
ထူးတောင် ထူးဆန်းတယ်ကွယ် ...
မှောင်သော ညတွေထဲ
ပျောက်သော လမ်းတွေ
ကျုပ်ကိုယ်တိုင်က လမ်းပြကြယ် တခုပေါ့ ...
ပန်းတိုင်က အနတ္တမို့လား
အခမ်းနားဆုံး စကားတွေနဲ့ ဖွဲ့ဆိုကြပါ
အဲ့ဒီ နံနက်ခင်းတိုင်းမှာတော့
ကျေးငှက်တွေ တေးဆိုတတ်ဖို့ သင်ကြားနေကြတုန်းပါ ...
အဝေးမှာ ဘာမှမရှိ
အနီးမှာ ရှိခြင်းတရားတွေ
လမ်းပျောက်တဲ့ ကလေးကို ကူညီပါ
ကြီးကျယ်မြင့်မြတ်မှုနဲ့ ပျောက်ဆုံးပါ ...
အသံနဲ့ အသက်ရှုသလို
အနံ့ နဲ့ မြင်ကြည့်ပါ
ခင်ဗျားရှေ့ မမြင်နိုင်တာ ဒုနဲ့ဒေး
အတွေးတွေ ကောင်းစားဖို့
ဦးနှောက်တွေ ကျဆုံးကြပြီ ...
သီအိုရီတစ်ခုကို ဖော်သူက ဖော်
ဖျက်သူက ဖျက်
အသိအတတ်ပညာနဲ့
မသိမတတ်တာတွေ သင်ရင်း
ကျုပ်တို့ နဖူးပေါ် လက်တင် အိပ်ကြစို့ ...။
ညလင်းအိမ် (၃၀.၉.၁၁)
7 comment[s]:
နဖူးပေါ်လက်တင်အိပ်ရင်
အိပ်လို့မပျော်ဘူးကိုညရေ....
မပြီးဆုံးသော အတွေးများကြောင့်
နဖူးပေါ်လက်တင်လည်း အိပ်ပျော်မယ်မထင်ဘူး
ညလင်းအိမ်ရေး)
ကလောင်သွားထက်ထက်နဲ့ ဖွဲ့နွဲ့ထားတဲ့ ကဗျာကောင်းလေးတစ်ပုဒ် ဖတ်သွားပြီနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကိုတူးရေ.
အမအဖေက အသိနဲ့သတိ ရှိနေရမယ်လို့ အမြဲဆုံးမတာ။ ကဗျာကောင်းလေးတပုဒ်ပါ။ အသိနဲ့သတိကို ထပ်ပြီး သတိပေးလိုက်သလိုပါပဲ။
ခင်မင်တဲ့
သဒ္ဓါ
ပျောက်သွားလိုက်တာ ပြန်ပေါ်လာတော့လဲ ကဗျာလှလှလေးတစ်ပုဒ်နဲ့.....မိုက်တယ်..။
အရင်ကတည်းက နဖူးပေါ်လက်တင် အိပ်ပါတယ်..
လက်ပေါ် နဖူးတင်ပြီး မအိပ်ဖူးပါဘူး .. :D
ခင်မင်လျှက်
ဆောင်းနှင်းရွက်
အိပ်မပျော်သော ညများ ကုန်ဆုံးလွန်မြောက်ချင်ပါတယ်...
အိပ်ရင်တော့ နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်ပါရစေဗျာ .....
Post a Comment