ပျိုးခဲ့တာပါပဲကွယ်
ပန်းမှ မပွင့်လန်းတော့တာ
ဥယျာဉ်ဆိုတာလည်း ရူးချင်စရာပါပဲ
တစိမ့်စိမ့်ကြည့်နေရင်းက
ဝေးဝေးသွားတယ် ...။
အသံသာ ကြားတယ်
ရုပ်မမြင်ရဘူး ...
စာသာ များတယ်
စကား မပြောဖြစ်ဘူး ...
တွေ့ဆုံခွင့်ဆိုတာ
ဝေးနေခွင့်မှ မဟုတ်တာ
ဒီလိုနဲ့ ...
ကျွန်တော်တို့ ဝေးခဲ့ကြပြီ ...။
မိုးတိမ်တွေ တောင်
အရောင်ပြောင်းတတ်တယ်တဲ့
ကျွန်တော့ တောအုပ်လေးမှာတော့
သစ်ပင်လေး အမြဲစိမ်းလန်းနေပါစေ ...။
ညလင်းအိမ် (၁၇.၃.၂၀၁၃)
8 comment[s]:
အတက်နိုင်ဆုံးတော့ ပျိုးခဲ့တာပဲ မဟုတ်လား
မပွင့်ပဲ မြုံစိစိကြီးဖြစ်သွားတာကတော့ ကံပေါ့ဗျာာာ မိုးတိမ်တွေတောင်အရောင်ပြောင်းတတ်တာကိုး
မောင်ဘကြိုင်
ကဲ..သစ်ပင်လေး
အမြဲစိမ်းလန်းနေပါစေကိုညရယ်..
ကျွန်တော့်တော်အုပ်ကလေးအမြဲစိမ်းလန်းပါစေ
ပျိုးခဲ့တဲ့ အပင်လေး ထာဝရ လန်းဆန်းနေပါစေလို့ ဆန္ဒပြုလျှက်ပါအကို ..:)
ကဗျာထဲက ဝေဒနာအရိပ်လေးတွေကို ငြိမ့်ညောင်းစွာ ခံစားသွားတယ်...
“တွေ့ဆုံခွင့်ဆိုတာ
ဝေးနေခွင့်မှ မဟုတ်တာ ”... ဆိုတာလေး ကြိုက်တယ်...။
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
ဝေးသွားပေမယ့် တောင်းဆုလေးကနွေးထွေးဆဲပါ။
ကဗျာလေး ခံစားသွားတယ် ကိုတူးရေ...
မေတ္တာဖြင့်
အန်တီတင့်
ဝင်ပီးအားပေးသွားတယ်နော်အကို
.
.
.
.
ဂျူဂျူး
ရင်ထဲကို ထိတယ် အကို လေးစားပါတယ်ဗျာ...
Post a Comment