ကောင်မလေးရယ်
နှစ်တွေကြာခဲ့တာတောင်
ရင်ခုန်သံ သဲ့သဲ့က ရပ်မသွားဘူး ...
တခါက
တိုးလျှိုးပါးလျစွာ နမ်းရှိုက်ခဲ့တဲ့
အသက်ရှုသံ တစက ထိရှတုန်း ...။
နှစ်လိုခြင်း များစွာဖြင့်
အိပ်မက်မက်တယ် ...
ပါးပြင်ပေါ်က သနပ်ခါးတစ်ပွင့်
ရင်ကိုမွှေးတဲ့ အနမ်းစစ်ပေါ့
ခုတော့
အချိန်လွန်ရင့်တဲ့ အလွမ်းနှစ်မှာ
ကိုယ်ဟာ အတင်း “အပြစ်” ခံရတဲ့ လူ ...။
မိုးတွေစွေတုန်း
ဆောင်းတွေဝေတုန်း
နွေရနံ့တွေ ကြွေတုန်း
ပန်းကလေးတွေ ကိုယ်တို့ အကြောင်းပြောကြတုန်း
မြေနီလမ်းလေးမှာ ကျေးငှက်တွေ သီကြူးတုန်း
ဒီလိုနဲ့ တစ်နှစ်အကူး
ကိုယ်ဟာ အသွင်မထူးတဲ့
ဝတ်ရုံတစ်စုံကိုခြုံ
မလင်းချင်းရာ နေ့သစ်မှာ
ထူးဆစ်မလာနိုင်တဲ့ “အရူး” အဖြစ်နဲ့ လူ ...။
ခူးမရတဲ့ အလွမ်းပွင့်အကြွေတွေနဲ့
တခန်းရပ်ဇာတ်ကွက်ထဲ
အခန်းဆက် ကြွေကွဲသံတွေ
တစတစ လွင့်ပါး
အာရုံမှာ ဝေး၀ါးသလို
အရှေ့ကိုလျှောက်ရင်း
အနောက်ပြန်ရောက်နေခဲ့ပြန်တယ် ... ကောင်မလေးရယ် ...။
(အရှေ့= အနာဂတ်
အနောက် = အတိတ်)
ညလင်းအိမ်
(၂၇.၆.၁၁)
နှစ်တွေကြာခဲ့တာတောင်
ရင်ခုန်သံ သဲ့သဲ့က ရပ်မသွားဘူး ...
တခါက
တိုးလျှိုးပါးလျစွာ နမ်းရှိုက်ခဲ့တဲ့
အသက်ရှုသံ တစက ထိရှတုန်း ...။
နှစ်လိုခြင်း များစွာဖြင့်
အိပ်မက်မက်တယ် ...
ပါးပြင်ပေါ်က သနပ်ခါးတစ်ပွင့်
ရင်ကိုမွှေးတဲ့ အနမ်းစစ်ပေါ့
ခုတော့
အချိန်လွန်ရင့်တဲ့ အလွမ်းနှစ်မှာ
ကိုယ်ဟာ အတင်း “အပြစ်” ခံရတဲ့ လူ ...။
မိုးတွေစွေတုန်း
ဆောင်းတွေဝေတုန်း
နွေရနံ့တွေ ကြွေတုန်း
ပန်းကလေးတွေ ကိုယ်တို့ အကြောင်းပြောကြတုန်း
မြေနီလမ်းလေးမှာ ကျေးငှက်တွေ သီကြူးတုန်း
ဒီလိုနဲ့ တစ်နှစ်အကူး
ကိုယ်ဟာ အသွင်မထူးတဲ့
ဝတ်ရုံတစ်စုံကိုခြုံ
မလင်းချင်းရာ နေ့သစ်မှာ
ထူးဆစ်မလာနိုင်တဲ့ “အရူး” အဖြစ်နဲ့ လူ ...။
ခူးမရတဲ့ အလွမ်းပွင့်အကြွေတွေနဲ့
တခန်းရပ်ဇာတ်ကွက်ထဲ
အခန်းဆက် ကြွေကွဲသံတွေ
တစတစ လွင့်ပါး
အာရုံမှာ ဝေး၀ါးသလို
အရှေ့ကိုလျှောက်ရင်း
အနောက်ပြန်ရောက်နေခဲ့ပြန်တယ် ... ကောင်မလေးရယ် ...။
(အရှေ့= အနာဂတ်
အနောက် = အတိတ်)
ညလင်းအိမ်
(၂၇.၆.၁၁)
8 comment[s]:
အမယ်...ဒီတစ်ခါလည်း ငါကတစ်ပဲတဲ့....။
မောင်တူးရေ.... နင့်ကဗျာတွေခုနောက်ပိုင်း “အရူး”ဆိုတဲ့ စကားလုံးသိပ်သုံးလာသလိုပဲ...။
အလုပ်မှာရတဲ့ အတွေးတွေကို ထည့်ထည့်ရေးပုံရတယ်....။
ဘာပဲဖြစ်ဖြစ် ကဗျာရေးတာတော့ လက်ရည်မကျသေးပါ... ကောင်းမြဲ ကောင်းဆဲပါ...။
ခင်တဲ့
မိုးငွေ့
တစ်ခါတစ်ခါ အနာဂတ်ထဲမှာ လာလာနှောင့်ယှက်ဆဲ အတိတ်ကလူ တစ်ယောက် ....!! ခေါင်းစဉ်လေး ကအစ စွဲဆောင်မှု ရှိတယ်အကို...။
ခံစားအားပေးလျှက်...
ကိုတူးရေ
အာရုံတွေမေ၀၀ါးပဲ အနောက်ကနေ အရှေ့ကိုပြန်လျှောက်လေ။
ခင်မင်လျက်
သဒ္ဓါ
ဒီလိုနဲ့ တစ်နှစ်အကူး
ကိုယ်ဟာ အသွင်မထူးတဲ့
ဝတ်ရုံတစ်စုံကိုခြုံ
မလင်းချင်းရာ နေ့သစ်မှာ
ထူးဆစ်မလာနိုင်တဲ့ “အရူး” အဖြစ်နဲ့ လူ ...။
ထင်ပါတယ် . .တ ခုခုတော့ ကိုတူးရူးနေပြီဆိုတား)))
ခင်မင်စွာဖြင့်
ဗညား
အခုမှလာမန့်တယ်ဗျာ
း)ဖတ်ပြီးပြီ အခြေနေကခုမှမန့်ခွင့်ပေးတာ
း) ကဗျာလေးတွေကောင်းပေမယ့်
စိတ်တော့ကောင်ဖူးဗျာ့
အခုကျန်နေရ လွမ်းနေ ဆွေးနေရတဲ့ ခင်ဗျားကို ကျွန်တော် သနားမိတယ်း)း)
လုပ်ဗျာ မြန်မြန်း)
မောင်ဘကြိုင်
နေပြည်တော်မှလာခံစားသည်
http://mgbakyaing.blogspot.com/
စာသားလေးတွေများ ပုံဖော်လိုက်တာ အလွမ်းတွေတောင် နူးညံ့နွေးထွေးနေသလိုပါပဲလားဗျာ ... ဖတ်လို့ ကောင်းတယ် ကိုညရေ ...
အားပေးသွားတယ်ဗျာ
ကဗျာ အားလုံးဖတ်သွားပေမယ့်
ဒီတစ်ခုပဲ ကွန့်မန့်ခဲ့ရလို့ သိပ့်တော့
အားမရဘူး နောက်လည်း လာခဲံ့ပါအုံးမယ်
(ဆက်စွဲဆရာရေ့)^_^
အရှေ့ကိုလျှောက်ရင်း
အနောက်ပြန်ရောက်နေခဲ့ပြန်တယ်..တဲ့လားး
ကဗျာလေးတွေအရမ်းကြိုက်ပါတယ်
~ Kk ~
Post a Comment