တယုတယ ကြည့်မိတယ်
မညီမညာ ခွာအစုံအောက်
သူပြားပြားမှောက်နေပြီပဲ ...
လေကဓံတွေကို ထံပိုး
သူနဲ့အတူတိုးခဲ့တဲ့ လမ်းတွေ
ကျွန်တော်တို့ကိုတောင် နှုတ်ဆတ်သွားကြပြီလေ ...
ကိုယ်တိုင်တည်ဆောက်မပြနိုင်တဲ့
အနာဂတ် ကယက်လှိုင်းထဲ
ကျွန်တော့် ဖိနပ်လေးကို စီး
နေ့တွေကိုလည်း ငြီးရအုန်းမယ် ...
ကျွန်တော့် ဖိနပ်လေးရယ်
ခွင့်လွှတ်ပါ ကွာ
ယှဉ်တွဲလျှောက်နိုင်မယ့်
ဖိနပ်လှလှလေး တစ်စုံ
ကျွန်တော့်တို့ ကြားမှာ မပေါ်သေးသရွေ့
ကျွန်တော်ရယ် ...
ကျွန်တော့် ဖိနပ်လေးရယ် ...
ကျွန်တော့် မျှော်လင့်ချက်လေးရယ် ...
တနေရာထဲ စုဝေး
ကဗျာလေးတွေ ရေးကြမယ်လေ ...။
ညလင်းအိမ်
(၂၀.၆.၁၁)
9 comment[s]:
အတူယှဉ်တွဲလျှောက်မယ့်ဖိနပ်တစ်ရံမရှိရင် ဆိုင်ကဖိနပ်လာဝယ်လိုက်....။ နောက်တာနော်...။ ကဗျာလေးအရမ်းကောင်းတယ်...။
ခင်တဲ့
မိုးငွေ့
ယှဉ်တွဲ လျှောက်နိုင်မယ့်
ဖိနပ်လှလှလေး တစ်စုံ
ပေါ်လာရင်တော့
ယခု လက်ရှိ စီးနေတဲ့
ဖိနပ်လေးကို
လွှင့်ပစ် လိုက်တော့မယ်ပေါ့ ..
သနားပါတယ် ...
ဖိနပ်အဟောင်းလေးးး ..
ဟူးးး ..
ခက်တယ် .. လူတွေက ...
အသစ် တွေ တွေ့သွားတော့
အဟောင်းတွေကို မေ့သွားရော ... :D
ကဗျာကို
အဓိပယ် ပြန်တတ်သလို ပြန်လိုက်တာ ..
အဲ့လို ထွက်သွားတယ် .. :D
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ဖိနပ်လေးက သနားစရာမကောင်းပါဘူး ကိုညရ...
သူမှာ အဖော်ရှိတယ်လေ..သူတို့က တစ်စုံမဟုတ်လား..ကိုည လွတ်ပြစ်ရင်တာ..အစုံလိုက်လွတ်ပေါ့..ဟိုပြစ်ဒီပြစ် တစ်ကွဲတစ်ပြားတော့ မပြစ်နဲ့ပေါ့ ..:)))
ဘယ်သူပြောနိင်မလဲ.. မကြာခင်မှာလည်း
ဖိနပ်လှလှပိုင်ရှင်လေးနဲ့ တွဲလျှောက်ရမယ်ဆိုတာ ...
အသားလိုလို့ အရိုးတောင်းတာများလားဗျာ ...
ယှဉ်တွဲလျှောက်မယ့် ဖိနပ်လှလှလေးလား ..
ဖိနပ်ပိုင်ရှင်လှလှလေးလား .....
အုပ်ကြီး
အင်း အဲဒီဖိနပ် တွေ့လိုက်သလိုပဲ ဟို သုံးရံထဲက တရံများလားး)))))
ကဗျာလေး ကတော့ မိုက်တယ်ဗျို့ ရှာပေးပါမယ် ပွဲခ ရရင်
ဘယ်သုံးရံပါလိမ့်.................
ဖိနပ်လှလှလေးတစုံ အမြန်ဆုံးပေါ်လာပါစေ။။။။။။။။။။။။။။
သရေဖိနပ်တဖက် ကတ္တီပါတဖက် တစုံတော့ မစီးမိစေနဲ့ဗျာ့
ကဗျာလေးကောင်းတယ်ဗျာ
မောင်ဘကြိုင်နေပြည်တော်မှလာခံစားသည်
Post a Comment