ပန်းခက်တွေလို ဖွာလန်ပြန့်ကျဲ
အိပ်မက်တွေနဲ့ ရဲခဲ့ရတာ
(ခုထိတိုင်ပဲ) ...
ရထားတစ်စင်းက ခုတ်မောင်းဆဲ
ဆင်းသူဆင်း တက်သူတက်
ဖမ်းဆုပ်ကိုင်တွယ်မိသမျှ
အရိပ်တွေထက်တောင် ပါးလွှလာတယ် ...
ထိန်းချုပ်တားဆီးထားတဲ့ အရာတွေ
လေအတွေ့တွေနဲ့တင် အသက်ရှုကြပ်မှတော့
အောက်ဆီဂျင်တောင် ညစ်ညမ်းပြီပေါ. ...
ကျွန်တော့်ကို အရိပ်တခုပေးကြပါ
အဲ့အရိပ်မှာ ခိုဝင်နား
ကျွန်တော်လည်း ဖျားနာပါရစေ ...
တချို့က ပြောတယ် ...
အရေးပြားပေါ်က အယားပြေအချစ်တဲ့
သူတို့များ ကံကောင်းလိုက်ကြတာ ...
ရှိပါစေတော့ ...
အရိပ်တွေကို တမ်းတရတာ များတော့
ကျွန်တော်တောင် အရိပ်မဲ့နေပြီလေ ...။
ညလင်းအိမ်
(၁၅.၅.၁၁)
3 comment[s]:
ကျွန်တော့်ကို အရိပ်တခုပေးကြပါ
အဲ့အရိပ်မှာ ခိုဝင်နား
ကျွန်တော်လည်း ဖျားနာပါရစေ ...
း)
like
တစ်ချို့က ပြောတယ်
အရေပြားပေါ်က အယားပြေအချစ်တဲ့
သူတို့များ ကံကောင်းလိုက်တာ...
စာသားလေးကို အခိုက်ဆုံးပဲဗျာ။ အရမ်းကောင်းတဲ့ တစ်ပုဒ်ပါပဲ။
ဖျားနေတဲ့ အရိပ်မှာတော့ မနားနဲ့ပေါ့အေ... :)
Post a Comment