ညတွေက တိတ်ဆိတ်မှုကို
အရိပ်လိုပြုလို့ မြှောက်ပင့်ကြတယ် ...
ဘ၀တွေက ထိုးနှက်မှုကြောင့်
တချို့ ကတိုးတက်
တချို့ ကစိတ်ပျက်ကြတယ် ...
ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ ...
လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...
ကိုယ့်စိတ်နဲ့ ကိုယ့်အရိပ်
တွဲနေသေးသရွေ့
ဘယ်လမ်းဘယ်လောက်ဝေးပစေ
မျှော်မှန်းတဲ့အတိုင်း လျှောက်လှမ်းရဲတယ် ...
မရှိတဲ့ ကံကိုလည်း မတောင့်တဘူး ...
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် ...
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...
အရိပ်လိုပြုလို့ မြှောက်ပင့်ကြတယ် ...
ဘ၀တွေက ထိုးနှက်မှုကြောင့်
တချို့ ကတိုးတက်
တချို့ ကစိတ်ပျက်ကြတယ် ...
ကုန်းကောက်စရာမရှိပေမယ့်
ရုန်းလောက်တဲ့အင်အားနဲ့
လုံ့လများရဲ့အောက်မှာတော့
အကြောက်တရားဆိုတာ
ဖောက်ပြားစရာကို မလိုခဲ့တာ ...
လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...
ကိုယ့်စိတ်နဲ့ ကိုယ့်အရိပ်
တွဲနေသေးသရွေ့
ဘယ်လမ်းဘယ်လောက်ဝေးပစေ
မျှော်မှန်းတဲ့အတိုင်း လျှောက်လှမ်းရဲတယ် ...
မရှိတဲ့ ကံကိုလည်း မတောင့်တဘူး ...
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် ...
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...
ဒူးမခေါက်သရွေ့ ဒူးမထောက်ဘူး...
ဘေးမရောက်သရွေ့ ပြေးမကြောက်ဘူး...
ဘ၀ကို ခုတုံးလုပ်
လူလုံးပြုတ်လဲ အပူရုပ်တော့မလုပ်ဘူး ...
ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ် ...
ကိုယ့်ကိုကိုယ်မာန်တင်း
ဖန်ဆင်းရဲတယ် ...
နာကျင်မယ့် ကြမ္မာတွေ
လာချင်လည်းလာပါစေ ...
ကိုယ့်မိသားစုအတွက်
ဘ၀ကိုကိုယ်စားပြု
အနာဂါတ်ကိုထုဆစ်မယ် ...
ဆုဖြစ်မယ့်အတွေးတွေနဲ့
လျှောက်လှမ်းမယ့်လမ်းကတော့
မဝေးတော့ပါဘူးလေ ... ။
9 comment[s]:
ကိုယ့်ဘာသာ စိတ်ဓာတ် ခွန်အားပေးရင်း
လျှောက်လှမ်းနေတဲ့
အိပ်မက် တွေ
အမြန်ဆုံး ပြည့်ဝနိုင်ပါစေ ...
ကဗျာလေးကို ဖတ်ရတာ ခွန်အားတွေ တကယ့်ကို တက်စေပါတယ် ...
လဲကျရင် ထလိုက်မယ်
ထူမယ့်သူကို မမျှော်ဘူး...
နွမ်းလျှရင် ကလိုက်မယ်
အားပေးသူမရှိလည်း ဖြစ်တယ် ...
ဒီအပိုဒ်လေးက ဇွဲနဲ့ လုံ့လ၀ိရိယကို ထင်ဟတ်ပေါ်လွင်စေတယ်နော်။ မျှော်မှန်းထားတဲ့ လှတဲ့လမ်းလေးနဲ့အတူ ဆုလဒ်တွေ အမြန်ရရှိနိုင်ပါစေ ...
ခင်မင်လေးစားလျှက်
“ကိုယ့်လက်နဲ့ ကိုယ့်ခြေ
သက်သေတွေတည်မယ် ...
ကိုယ့်ကိုကိုယ်မာန်တင်း
ဖန်ဆင်းရဲတယ် ...”
ဒီအပိုဒ်ကမှတကယ်မိုက်တာ..
အားပေးလျှက်...
မရှိတဲ့ ကံကိုလည်း မတောင့်တဘူး ...
ရှိတဲ့ ဥာဏ်ကိုပဲ ရောင်းချမယ် ...
ဝီရိယကို စိုက်ထုတ်
ကာယအလုပ် လုပ်လည်းဖြစ်တယ် ...
ဒူးမခေါက်သရွေ့ ဒူးမထောက်ဘူး...
ဘေးမရောက်သရွေ့ ပြေးမကြောက်ဘူး...
ကောင်းလိုက်တဲ့ စာသားတွေဗျာ
အားပေးဆဲပါ
ဗညားရှိန်
း).. အစ်ကို့ကဗျာဖတ်ပြီးတော့ ချက်ချင်းပဲ စာမလုပ်ချင်တဲ့ စိတ်တွေပျောက်သွားတယ်.. အိပ်ငိုက်လည်း ပြေသွားတယ်... ကဗျားလေးကို ကူးသွားတယ်... ရမယ်ထင်ပါတယ်..
အားပါးပါး အားအင်တွေ အပြည့်နဲ့ တစ်ကယ် အားဖြစ်စေတဲ့ ကဗျာလေးပါဗျာ..။ အလုပ်လုပ်ချင်စိတ် ပျောက်နေတာ အခုမှ အားရှိသွားတယ်. ကျေးဇူး အစ်ကိုရေ. များများရေးပေးပါဦးဗျို့.။
ခင်မင်လေးစားတဲ့
ညီညီ(အနာဂါတ်သံစဉ်)
ကဗျာလေးက လှလိုက်တာ .. အားဆေးတစ်ခွက်ကို ဖြည်းဖြည်းချင်းသောက်လိုက်ရသလိုပဲ ..
တကယ့်ကို အင်းအားဖြစ်စေတဲ့ ကဗျာလေး ပါလား
ကဗျာခေါင်းစဉ်လေးအတိုင်း “အင်အား ” ဖြစ်စေတယ် ... အစ်မတို့လို စိတ်ပျော့တဲ့သူတွေအတွက် ဖတ်လိုက်ရတာ အင်အားတစ်ခုလိုပဲ ... ကျေးဇူးနော် ..
Post a Comment