မင်းပြောခဲ့တဲ့ စကား
တလုံးတပါးမှတောင်
အမုန်းမပွားခဲ့ဖူးပါ...
မင်းစေလိုရာစေ
နေလိုရာနေခဲ့တယ်... ။
ကြာပဒုမ္မာလို
ကြာပဒုမ္မာလို
ရေတကာလယ်မှာ
တင့်တယ်ချင်ပေမယ့် ...
ဒီကောင့် ...
နှလုံးသားရင်မှာတော့
ပြေလည်အောင်
သောင်ထွန်းခဲ့ရတယ် .... ။
ပန်းပွင့်ကြွေတိုင်းလည်း
ပန်းပွင့်ကြွေတိုင်းလည်း
မကောက်ခဲ့ဖူးပါ ... ။
လေပြေစေတိုင်းလည်း
မရောက်ခဲ့ဖူးပါ ... ။
ဒီကောင့် ...
နှလုံးသားစက္ကန့်တိုင်းကို
မင်းနာရီမှာ
ကုန်ဆုံးစေခဲ့တယ် ... ။
ဆုံးရှုံးမှာစိုးလို့
ဆုံးရှုံးမှာစိုးလို့
နာစရာရှိတောင်
ရင်ခွင်တွင်းနက်မှာပဲ
ပျိုပျက်ခဲ့တယ် ... ။
ဒါနဲ့တောင် ...
ဟန်ဆောင်စကားတွေနဲ့
ဒီကောင့်နှလုံးသားကို
မိုင်ကုန်မောင်းခဲ့ရက်တယ် ... ။
ဒီလိုနဲ့လေ ...
နှလုံးသားကရလာတဲ့
အဆိုးရွားဆုံးရလဒ်ကတော့
ဒီကောင်လေ ...
ကြောက် ... ကြောက်တတ်လာတယ် ... ။
5 comment[s]:
ကဗျာလေး...အားပေးသွားတယ်...
ရွှင်လန်းချမ်းမြေ့ပါစေ..
ဖတ်ရင်းနဲ့ သနားတောင်လာတယ်...း)
ကဗျာလေးခံစားသွားတယ်.။
အားလုံးအဆင်ပြေပါစေအစ်ကိုရေ.။
ခင်မင်လေးစားတဲ့
ညီညီ(အနာဂါတ်သံစဉ်)
ဒီကဗျာလေးဖတ်ရတာ...ကိုယ့်ကိုယ်ကို ပြန်မြင်မိလိုက်သလိုလို......
အရမ်းကြိုက်တယ်..
"ဒီကောင့် ...
နှလုံးသားစက္ကန့်တိုင်းကို
မင်းနာရီမှာ
ကုန်ဆုံးစေခဲ့တယ် ..."
ဆုံးခဲ့တဲ့ အချိန်ကို တမ်းတ
လွမ်းလှတဲ့ အတိတ်ကလမ်းကို
မှန်းဆလို့ အနာဂါတ်လမ်းကို
ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ဖို့
ဆုတောင်းပေးလိုက်ပါတယ်...
Post a Comment