နေညိုလာရင်
အလွမ်းရိပ်တို့
ရိုးတိုးရိပ်တိတ်
တိုးတဆိတ်ဆိတ်
ရင်အစုံကို
ခိုဝင်ပြီးထိတ် .....
ကြိတ်မှိတ်ရင်ထဲ
ဆွေးလျက်နေမြဲ
ဝေးခဲ့နေ့လည်း
တွေးလို့နေဆဲ
ချစ်တဲ့စိတ်လည်း
မပြောင်းလဲပဲ .....
ဝေဒနာပူ
ရင်မှာထူလို့
အကြင်နာသူ
စဉ်လာကူဖို့
နေညိုလာရင်
မျှော်ကာနေလို့
တနေရာဆီ
ချစ်သူထံသို့ .....
1 comment[s]:
အော်...ကိုတူး...ကိုတူး...တော်တော် လွမ်းခဲ့တာပဲ...။
ခင်မင်စွာဖြင့်
အမမိုးငွေ့
Post a Comment